24 - His Sisters ( 2 )

771 73 4
                                    

" Kong ! ထွက်လာရင် ကုတင်ပေါ်မှာတင်ပေးထားတဲ့အင်္ကျီကို ဝတ်နော် "

Kong ဖုန်းကို ခေါ်လို့မရတာနဲ့ စားစရာတွေယူပြီး Kong အခန်းကိုတက်လာခဲ့တာ ။ ဒါပေမယ့် အထဲကကြားလိုက်ရတဲ့ မိန်းကလေးအသံကြောင့် သော့ဖွင့်နေတဲ့ သူ့လက်တွေက ရပ်သွားတယ်။

မိန်းကလေး ? Kong အခန်းထဲမှာ ?

သော့ဖွင့်ရင်းဝင်လာတော့ ရေချိုးခန်းထဲက ရေသံကလွဲလို့ ဘာသံမှမကြားရသလို ဘယ်သူမှလည်း မရှိဘူး ။ Oiii ~ ဟိုတခါက အထင်လွဲပီးတည်းက
သူ Bright စကားတွေကို နားမယောင်သင့်တာ ... ။

စားစရာတွေ စားပွဲပေါ်မှာတင်ရင်း ကုတင်ပေါ်က တင်ထားတဲ့ အဝတ်တွေကို လှမ်းကြည့်နေလိုက်တယ်။ Kong ထားထားတာနေမှာပါ Kong ထားထားတာ ....

" ဘယ်သူလဲ ? "

ဝရံတာကနေ အဝတ်တွေတပွေ့တပိုက်နဲ့ထွက်လာပြီး သူ့ကိုမေးတဲ့မိန်းကလေးအသံကြောင့် P'Dee ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပေမယ့် သူ့ဆုတောင်းက မပြည့် ။ Shitt Kong !! ဒီတခေါက် အခန်းထဲထိ ခေါ်လာတာလား ?

" Er ... Er .. "

" N'Arthit ? "

အဲ့မိန်းကလေးပါးစပ်ထဲက သူ့နာမည်ထွက်လာတော့ တအံတသြနဲ့ခေါင်းညိတ်ပြလိုက်တယ်။ အရင်တခေါက်လို မမှားချင်တာကြောင့် သူ့ရှေ့မှာရပ်နေတဲ့မိန်းကလေးကို Kong နဲ့ ဘယ်နေရာကဆင်လဲ သေချာ အကဲခတ်ရမယ် ...။

" ထိုင်လေ ဘာလုပ်နေတာလဲ ? "

" Krap .. P' "

P'Dee ထက်အသက်ပိုကြီးပုံရတဲ့အပြင် အသံကလည်း သြဇာအာဏာအပြည့့်ရှိတာမို့ သူ Kong စာရေးစားပွဲခုံမှာ မြန်မြန်ဝင်ထိုင်လိုက်တယ် ။ Kong နဲ့တော့ သိပ်မဆင်ပေမယ့် သူ့ကိုလက်ပိုက်ကြည့်နေတဲ့ မိန်းကလေးက

" တို့ဘယ်သူလဲ မင်းသိလား ? "

သူမြန်မြန်ခေါင်းခါပြလိုက်တယ် ။ P'Dee လို ခင်ဖို့ကောင်းတဲ့ရုပ်မဟုတ်ပေမယ့် သူ့ကို မျက်လုံးစိမ်းစိမ်းကြီးနဲ့အကဲခတ်ရင်း မေးနေတဲ့ မိန်းကလေးကို Kong အစ်မအကြီးမဟုတ်ဘူးဆိုတာ သေချာတာနဲ့ ပြန်ချဲဖို့အသင့်ပဲ ။

" တို့နာမည်က Ahn ! P'Ahn "

ခေါင်းသာဆက်ညိတ်ပြလိုက်ရတယ် ။ Kong အစ်မအကြီးနာမည်က ဘာလဲဆိုတာ မမေးထားမိတာ ခုမှပဲနောင်တရမိတယ် ။ သူ့ပုံစံကို ကြည့့်ပြီး P'Ahn က အနားကပ်လာတော့ ခပ်မြန်မြန်မတ်တပ်ရပ်လိုက်တယ် ။

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now