44 - Never let you go

807 57 4
                                    

" Arthit ! ဒီကိုဆင်းလာခဲ့ဦး "

" ဘာဖြစ်လို့လဲ Pa' ? "

အောက်ကနေ အော်ခေါ်နေတဲ့ Pa' အသံကြောင့် သူအပေါ်ထပ်အခန်းကနေ အမြန်ပြေးဆင်းလာလိုက်တယ်။ သိတဲ့အတိုင်း အိမ်ပြန်ရောက်နေတယ်ဆိုတာကလည်း စာမေးပွဲပြီးတာနဲ့ အခန်းရွှေ့ပေးလိုက်ရလို့ :(

တွေ့ဖို့က ကြာဦးမှာဆိုပြီးတွေးထားကြတော့ သူငယ်ချင်းတွေနဲ့ တပတ်လုံးလျှောက်လည်ကြ ၊မုန့်စုစားကြနဲ့မို့လို့ အိမ်မပြန်ခင် ပစ္စည်းတွေကို ကားကြုံနဲ့အရင်ပို့ပေးပြီး တပတ်လောက် Kong အခန်းမှာသွားနေလိုက်သေးတယ်။

ခုဆို Kong နဲ့မတွေ့ရတာ ၁၄ရက်ရှိပြီ :(

" ဒီမှာ လာထိုင် "

Pa' က ရှေ့ကဆိုဖာကိုလက်ညိုးထိုးပြရင်းပြောလာတာမို့ သူခေါင်းညိတ်ပြီး ဝင်ထိုင်လိုက်တယ်။ ဒါပေမယ့် Ma' ကတော့ သူ့ကို မယုံနိုင်တဲ့မျက်လုံးတွေနဲ့လှမ်းကြည့်ရင်း လက်ထဲက ဓာတ်ပုံတွေကို သူ့ကိုလှမ်းပေးလာတယ်။

" Oon ? ဒါ .. ဒါက ဘာတွေလဲ ? "

သူ မျက်မှောင်ကြုတ်ရင်း နားမလည်စွာနဲ့ ဓာတ်ပုံတွေကိုဆွဲယူကြည့်လိုက်တော့ Kong နဲ့ သူ့ရဲ့ပုံတွေ .....

ကျောင်းမှာ သူ့ကို Kong က ထမင်းလှမ်းခွံ့ကျွေးနေတာကို သူကရယ်ပြီးစားနေတဲ့ပုံ။

ရှေ့ကလက်မြှောက်ပြီးသွားနေတဲ့သူ့နောက်ကို Kong က ပြုံးရင်းသူ့လွယ်အိတ်ပါပိုက်ပြီး ရုပ်ရှင်ရုံထဲကထွက်လာတဲ့ပုံ။

Baby နဲ့ Porshe ရှေ့ကနေ Kong က သူ့လက်ကိုဆွဲပြီး ကန်တင်းထဲကဆွဲထုတ်သွားတဲ့ပုံ။

သရဲအဆောင်ကအပြန် ခြေထောက်နာမှာဆိုးလို့ Kong က သူ့ကိုကျောပိုးပြီးအိမ်ပြန်ကြတဲ့ပုံ။

ကိုယ်ပေါ်ကို ခွထားတဲ့သူ့ကို Kong ကချီရင်း နမ်းနေကြတဲ့ပုံ။

တောင်ပေါ်ကနေ Kong ကို ပြန်ရှာတွေ့တော့ ခုံတန်းလေးမှာထိုင်ပြီး နမ်းနေတဲ့ပုံတွေကအစ ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ !?

" Arthit ! မင်းကို Pa' တို့ ဘန်ကောက်မှာကျောင်းသွားတက်စေချင်တာ ဒီလိုပုံစံဖြစ်လာဖို့လို့ထင်နေလား !"

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now