၂၀၁၈ တည်းက ရေးခဲ့တဲ့ ကျေးဇူးတင်လွှာလေးပါ။
စရေးတည်းက ဒီလောက်ထိချစ်ပေးကြမယ်လို့မထင်ခဲ့မိပါဘူး။
စရေးတုန်းကဖတ်တဲ့သူနည်းခဲ့တာပဲလေနော် ဒါပေမယ့် အဲ့ဖတ်တဲ့သူတွေကပဲ ဆက်ရေးဖို့အတွက်အားတွေပေးခဲ့တယ်။သူတို့တွေအရင်ကလို လာမပြောကြတော့လို့ ဘယ်ဆီဘယ်ဝယ်ရောက်နေကြလဲမသိပေမယ့် တအားသတိရပြီးကျေးဇူးတင်နေမိပါတယ်နော်။
အရင်ကဆိုအားနေတော့ နေ့တိုင်းတင်ပြီး cmt box မှာစကားတွေအပြန်အလှန်ပြောနေရမှအိပ်ပျော်တာမျိုး။ ညဘက်တွေဆိုမအိပ်ဘူး တကုတ်ကုတ်နဲ့ရေးတယ် မနက်တင်ပြီးတာနဲ့တနေကုန်အိပ်ပြီ နိုးလာတာနဲ့ Cmt တွေဖတ်ပြီး တခီွိခွီ ^_^
တပိုင်းတပိုင်းကို မနည်းစဉ်းစားပြီးရေးခဲ့ရလို့ ဒီ fic က အရမ်းကြာခဲ့တယ်
ကြာသလောက်လည်းထွက်လာတဲ့စကားလုံးတိုင်း တကြောင်းချင်းစီတိုင်းကို ဒီကလူတွေက တန်ဖိုးထားချစ်ပေးတယ်။လိုက်ခံစားပေးတယ်။သာ့အတွက်က ကိုယ့်စာကြောင်းလေးတွေကို သာ့ရဲ့အသက်တွေ တန်ဖိုးထားတယ်ဆိုတာနဲ့တင် ရေးရတာမြတ်နေပြီ။
တင်လိုက်တာနဲ့ Kong နဲ့ Arthit အကြောင်းအပြင်ကို သာနဲ့ပါဆက်နွယ်ပြီးပြောပေးလာကြလို့ အထီးကျန်နေတဲ့သာ့ဘဝကို ဒီ Only one ဖတ်တဲ့သူတွေကြားထဲမှာပဲ အကြာကြီး မြှုပ်နံှဖြစ်ခဲ့တယ်။
Reading List လေးတွေထဲထည့်တာမြင်ရလေလေ ၊ တယောက်နဲ့တယောက်ပြောရင်း ကိုယ့် fic အကြောင်းလေးထည့်ပြောနေကြတာကြားရရင်တောင် ပြုံးမိဖြစ်တယ်။
ကျောင်းတက်ရလို့ ဘယ်လောက်မအားဘူးဖြစ်နေပါစေ ဒီ fic လေးဆီကိုပြန်လာပြီး ဒီကလူတွေနဲ့ စကားတွေအပြန်အလှန်ပြောချင်နေမိတုန်း။
မပေါ်လာမချင်း လာလာပြောကြလို့ ဘယ်တော့မှမေ့မရခဲ့တာ ဒီ fic လေးပဲ
ဘယ်လောက်ကြာကြာစောင့်ပေးပါ့မယ်ဆိုတာလေးတွေကြောင့် ဒီ fic လေးက ခုလိုအပိုင်းတွေရှည်လာမိတာပါ။ခုလိုမျိုး ဒီကလူတွေနဲ့တူတူဆက်ပြီး ချေင်မိပါသေးတယ် :)
ဒီ Only one လေးအပြင် သာ့ကိုလည်းဝိုင်းချစ်ပေးကြလို့တကယ်ပျော်မိခဲ့တယ်။ လူအများကြီးဝိုင်းချစ်ပေးသလို ခံစားရတဲ့အသိက အားဖြစ်လာစေတာ တကယ် :)
သာ့ရဲ့ ပိကျိပိကျိပြောထားတဲ့ Note တွေပါဖတ်ပြီး သဘောကျခဲ့ရတယ်လို့ပြောကြတာရော ပြန်ဖတ်တာအခေါက်ပေါင်းမနည်းတော့ဘူးဆိုပြီး ပြောကြတာရောကြောင့်အံဩယူရပါတယ်။ ( Unicode Version မှာတော့ သာ စကားများနေတဲ့ဟာတွေဖြုတ်ချထားခဲ့တာပါ )
မပျင်းကြဘူးလားပေါ့ ^_^
စာအုပ်ကလည်း ထုတ်မယ်လို့ တခါမှမတွေးဘူးလို့ ဘာဆိုဘာမှ မစဉ်းစားထားရသေးဘူးရော ( ထုတ်ဖြစ်ခဲ့တာကလည်း ယူတို့ကြောင့်ပါပဲ )
ကိုယ့်လူတွေပြောမှအမှတ်တရတခုအဖြစ်အနေနဲ့ရှိစေချင်မိတာ။ (Romantic အရမ်းဆန်တယ်နော် ယူတို့က )
Only One စာအုပ်မှာတော့ Q&A အမေးအဖြေလေးတွေကို စာအုပ်ဝယ်ဖြစ်တဲ့သူလေးတွေအတွက် လက်ဆောင်ထည့်ပေးထားပါတယ်။ အဲ့ဒါကလည်း ယူတို့မေးချင်တဲ့မေးခွန်းလေးတွေကို Cmt ကနေတဆင့် သာ ပြန်ယူပြီး Kongpop နဲ့ Arthit ကို မေးပေးထားတဲ့ပုံစံမျိုးလေးနဲ့ရေးထားတာပါ။ ဒီလိုမျိုးလေးပေါ့
ခုချိန်ထိ သာ့ဘေးနားမှာရှိနေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရင်းနဲ့
ဒီကအပိုင်းဆက်လေးတွေကို Only one 2 လေးမှာပဲ ဆက်တွေ့ကြမယ်။ဘာမှအပိုဆုမတောင်းဘူး သာ့ကိုမမေ့ဖို့နဲ့အချစ်လျော့မသွားကြဖို့ပဲ <3
ရေးနေလက်စ fic လေးတွေလည်းဆက်အားပေးကြပါနော်ဒီကလူတွေ ရင်ထဲမှာရှိတဲ့ Kong နဲ့ Arthit ရယ် SOTUS ရယ်ကြားမှာ သာ့ Only one လေးကလည်း အမှတ်တရတခုသေးသေးလေးအဖြစ်ရှိစေဖို့ရည်ရွယ်ရင်း ....
တာ့တာ
ချစ်တယ် လက်ဖြူ ဆီးယူ <3
YOU ARE READING
You are the Only One ( SOTUS Fanfiction ) - Unicode
FanfictionCompleted / Start Date : May 15, 2020 (Unicode Ver.) ပြန်ဖတ်ဖို့ ယူနီကုတ်နဲ့တင်ပေးပါလို့ ပူဆာနေတဲ့သူတွေအတွက်ပါ 🙏🏽 အရင်တုန်းက အချစ်တွေနဲ့ပဲ Only One လေးကို ပြန်ဖတ်ရင်း SOTUS Team ကြီးကို ပြန်လွမ်းကြတာပေါ့။