27 - Come and Get Me ( Warning )

1.1K 68 0
                                    

A/N : Warning တပ်ထားတယ်ဆိုတည်းက ယူတို့ထင်ထားတဲ့ဟာ တကယ်ပါနေလို့ပါ။ ဆိုးဆိုးရွားရွားကြီးတော့မဟုတ်ပါဘူး။ အရင်ကရေးခဲ့ဖူးတဲ့အပိုင်းမှာတော့ ကြည့်မကောင်းတာလေးတွေရှိလို့ ဒီမှာလိုတာလေးတွေပဲရေးထည့်ထားပေးပါတယ်။သိကြတဲ့အတိုင်း အဲ့တုန်းကလည်း Request တက်တာရော လိုအပ်မယ်ထင်လို့ရော ရေးဖြစ်ထားတာပါ။ တကယ့် Arthit နဲ့ Kong က ဒီလိုဖြစ်မှာမဟုတ်တာ သိပါတယ်။ Fan Fiction မို့ စိတ်ကူးယဉ်ရေးသားတယ်မြင်ပြီးပဲဖတ်နော် !!

_________________________________

ကံမကောင်းချင်တော့ ခရစ်စမတ်နေ့မှာတောင် P'Arthit က သူငယ်ချင်းတွေနဲ့ ခရီးထွက်နေလို့ သူ့အနားမှာ မရှိပြန်ဘူး ။မနက်ဖြန်မနက်အစောကြီးမှ ခရီးကပြန်ရောက်မယ်မှာထားလို့ မနက်ဖြန်မှ P'Arthit အခန်းမှာသွားနိုးပြီးတွေ့ဖို့စဉ်းစားရင်း အိပ်ခါနီး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်လိုက်တယ်။

P' က နောက်ဆုံးနှစ်မို့ သူ့သူငယ်ချင်းတွေနဲ့အချိန်များများကုန်ချင်တယ်ဆိုတာကို သူနားလည်တာမို့ P'လုပ်ချင်တာမှန်သမျှ လိုက်လျောခဲ့တာ ။ ဒါပေမယ့် ဒီနေ့တော့ အမှီပြန်လာသင့့်တာပေါ့ ။

ရေချိုးခန်းထဲကနေထွက်လာပြီး ခေါင်းသုတ်ရင်းနဲ့ ရေခဲသေတ္တာထဲက ရေဘူးကို ထုတ်ဖို့အလုပ် တံခါးကို သော့နဲ့လှည့်ဖွင့်နေသံကြားလို့ သူတံခါးနားကို အမြန်ပြေးသွားလိုက်တယ်။ ဒီအချိန်ကြီး ဘယ်သူလဲ ? သူခိုး ?

သူအပြေးသွားတဲ့အချိန်မှာပဲ တံခါးပွင့့်လာပြီး Christmas ဦးထုပ်လေးဆောင်းထားတဲ့ P' က လက်နှစ်ဖက်ကားရင်း အပြေးဝင်လာတယ် ။

" Surprise KONG !! "

ကိုယ်ပေါ်အပြေးခုန်တက်လာတည်းက အရက်နံ့ကြောင့် ပုံမှန်မဟုတ်တာသိလို့ P' ပြုတ်မကျသွားအောင်မြန်မြန်ထိန်းလိုက်ရတယ်။ခါးကို ခွထားပြီး သူ့ပုခုံးမှာ လက်နှစ်ဖက်ချိတ်ခိုနေတဲ့ P' က အရက်သောက်ပြီးတိုင်း နီရဲနေတတ်တဲ့ ပါးမို့လုံးလုံးလေးနှစ်ဖက် မို့တက်နေအောင် ရယ်ပြနေတာကိုကြည့်ရင်း

" P' ? မနက်မှပြန်လာမယ်လည်းပြောသေးတယ်။ ပြီးတော့ အရက်က ဘာလို့သောက်လာတာလဲ ? "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now