46 - Follow Me ( Warning )

1.1K 57 0
                                    

A/N : မီးနီနော် !! Warning ပေးထားတာ ဖတ်လို့အဆင်မပြေတဲ့သူတွေကျော်လိုက်ပါ။ ဖတ်မရတဲ့သူတွေက Kong အဆောင်ကို Arthit လိုက်သွားဖြစ်တယ်လို့ပဲ တွေးပေးနော် !!

Kong က သူ့မေးစေ့ကိုဆွဲမော့လာရင်း မျက်ရည်တွေရွှဲနေတဲ့မျက်နှာတခုလုံးကို စိုက်ကြည့်လာတော့ သူရှက်ရှက်နဲ့မျက်လွှာချလိုက်တယ်။ အိမ်သာခန်းတခန်းထဲမှာ နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့ ဖက်နေကြတာများ
တယောက်ယောက်မြင်ရင် သူရှက်လို့သေမှာပဲ ...

Kong က ပါးပေါ်ကမျက်ရည်တွေကို လက်မနဲ့ဖိသုတ်ပေးရင်း

" ~ မငိုပါနဲ့ ~ .... "

အသံက တိုးတိုးလေးရယ် .. ဒါပေမယ့် မျက်နှာနားမှာကပ်ကြားနေရတဲ့ သူ့အတွက်တော့ Kong အသက်ရှူသံကတောင် အကျယ်ကြီးဖြစ်နေသလိုလိုဆိုတော့ ....

ဘယ်က ကမြင်းကြောလေးတွေဝင်လာလဲတော့မသိ.. အိမ်သာထဲမှာ ဟိုးတိုးဒီအော်နဲ့ သူနဲ့Kong ရှိတဲ့အိမ်သာခန်းက တံခါးကို ဝုန်းခနဲ လာဆောင့်သွားသေးတယ်။

" အိမ်သာထဲမှာလူရှိလား ? "

ဒုန်းဒုန်းဒုန်း ...

လာဆောင့်မိတာမဟုတ်ဘဲ တမင်များလာခေါက်နေသလားထင်ရလို့ Kong ကို ဖက်ထားတဲ့သူ့လက်တွေကိုပြန်ရုတ်ရင်း Kong နောက်မှာဝင်ရပ်လိုက်တယ်။

" ~ ပြောလိုက် လူရှိတယ်လို့ ~ "

" ~P' က ဘာလို့မပြောတာလဲ ? ~"

"~ Oii လျှာရှည်တယ် .. မင်းက Head Hazer ဖြစ်လာတော့မှာ .. ခုတည်းက မင်းအသံကြားရင် ကြောက်အောင် လေ့ကျင့်တယ်လို့သဘောထားပြီး ပြောလိုက် ~ "

Kong ပုခုံးကိုနောက်ကနေတွန်းပြီး သူပြောတော့ Kong က အူကြောင်ကြောင်မျက်နှာပေးနဲ့ တံခါးကို ဝုန်းကနဲပြန်ထုပေးလိုက်တယ် ။

" အော် .. လူရှိတာလား ? တောင်းပန်ပါတယ်နော် "

မျက်ခုံးပင့်ရင်းပြုံးပြလာတဲ့ Kong ကြောင့် နှုတ်ခမ်းကအလိုလိုဆူလာမိရင်း

" ~ Er .. Er .. မင်းပဲဉာဏ်ရှိတာ ဟုတ်ပြီလား :( ~ ဘယ်သူမှမရှိတော့ဘူးမလား ဖယ်တော့  "

" P' နဲ့ ကျွန်တော် ပြောစရာစကားတွေအများကြီးရှိသေးတယ် "

" Kongpop !! ခုနကကျတော့ ငါ့ကိုနည်းမျိုးစုံနဲ့ ရွဲ့ပြီးတော့ ခုအိမ်သာထဲကျမှ လာပြောနေရလား .. ဖယ် ! "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now