15 - Kissing Pills

938 72 4
                                    

ဒီနေ့ XX Company မှာ Interview သွားဖြေဖို့ သူ အိပ်ရာစောစောထပြီး ပြင်ဆင်နေတဲ့အချိန် Kong က မနက်စာတွေဝယ်ပြီး ရောက်လာပြန်တယ် ။

" သွားရတော့မှာလား P' ? ကျွန်တော်ဝယ်လာတာတွေ စားသွားဦးနော် "

" umm umm "

စာရွက်စာတမ်းတွေစုံမစုံ စစ်နေတဲ့အချိန် Kong က မနက်စာပြင်နေတော့ သူအားလည်းနာလာသလို ကျေးဇူးလည်း တင်နေမိတယ် ။ Kong ကအမြဲတမ်း သူ့ကို အရိပ်တကြည့်ကြည့့်နဲ့ ဘာလိုအပ်လဲ ဖြည့်ဆည်းပေးနေကြ ။
တခါတလေ သူတို့နှစ်ယောက်ထဲမှာ Kong က အကြီးလို့တောင်ထင်ရတယ် ။

သူ့ထက် Kong က အတွေးအခေါ်ရော အပြောအဆို အပြုအမူကအစ ရင့်ကျက်တယ်ဆိုပီး သူငယ်ချင်းတွေကတောင် Kong ရှေ့မှာရော နောက်ကွယ်မှာပါ ချီးကျူးစမြဲ။ ဒါပေမယ့် သူတော့မပါဘူးပေါ့ ။ သူသာချီးကျူးပေး
လိုက်ရင် အဲ့ကောင်လေးက ပိုထိန်းမရဖြစ်မှာသိနေလို့လေ ။

" P' ဒီနေ့ ဘယ်ချိန်ပြန်ရောက်မှာလဲ ?"

"၆နာရီလောက် .. ဘာဖြစ်လို့လဲ "

" ဒီနေ့ ကျွန်တော်အတန်းမရှိဘူးလေ .. ပြီးတော့ နားလည်းနားချင်လို့ ဒီမှာ ကျွန်တော်နေခဲ့လို့ရလား ?"

" သဘောပဲ ! "

Kong လာနေတဲ့နေ့တွေဆို အခန်းက Kong ရှင်းပေးနေကြမို့ သူရှင်းစရာမလို။ အဝတ်တွေလည်းလျှော်ထားပေးတဲ့အပြင် အင်္ကျီတွေကအစ မီးပူတိုက်ပြီးသားအထိ Kong က လုပ်ပေးလို့လေ ။ Kong လာနေတာ သူ့အတွက်မှ အကျိုးမယုတ်တာ မဟုတ်ဘူးလား ?

" P' အတွက် ဟိုနေ့က Tew တို့နဲ့ သွားရင်းနဲ့ ဝယ်ပေးထားတာ "

Kong ကြည့်ရတာ အရင်ကလို လန်းလန်းဆန်းဆန်းမရှိသလိုပဲ။သူ့စိတ်ကပဲ ထင်နေတာလားမသိ ။ Kong လှမ်းပေးတဲ့ဘူးကိုလှမ်းယူရင်း ဖွင့်ကြည့်မိတော့ ဘူးထဲမှာ နက်ပြာရောင် Necktie လေး ..

" ဒါ ဘာအတွက်လဲ ?"

" ဒီအတိုင်း လက်ဆောင်ပေးချင်လို့ ဝယ်လာရုံပါ ... ဒီနေ့ ဒါလေးဝတ်သွားလို့ ရတာပဲ "

" ရုံးသွားတက်တာမှ မဟုတ်တာ မဝတ်ချင်ပါဘူး !!"

"na na na ? P' ကျွန်တော်ဝယ်ပေးတဲ့ Necktie လေးဝတ်ထားတဲ့ P'
ကို မြင်ချင်လို့ပါ "

You are the Only One ( SOTUS Fanfiction ) - UnicodeTahanan ng mga kuwento. Tumuklas ngayon