25 - I want something just like this ( 1 )

818 73 2
                                    

" Kongpop !!! ဒီနားက ပစ္စည်းတွေကို ရွှေ့ပြန်ပြီလား !?"

" ဟိုဘက်နားမှာ သေချာစီထားပေးတယ်လေ P' "

" Oii .. မတွေ့လို့ Sorry "

ရှင်းပေးထားတဲ့စာအုပ်အပုံကို ဖြိုချရင်း စာအုပ်ရှာနေတဲ့ P' ကို သူပြုံးပြီး ကြည့်နေလိုက်တယ် ။

ကျောင်းသွားခါနီးဆို ဒီလိုပုံစံဖြစ်နေကြ P' ကိုပဲ သူလိုချင်မိတာပါ ..။

++++++++++++++++++++++++++++++++

" Kongpop !!! မနက်စောစောနိုးတိုင်း ငါ့ကိုပါနှိုးဖို့ မှာထားတဲ့ဟာကို "

" P' ပဲ ငါးမိနစ်လောက်ပေးအိပ်ပါဆို ..ပြီးတော့ ကျွန်တော်နှိုးတိုင်း P' က နာရီဝက်လောက်နေမှ ထနေကြဟာ "

" မင်း ငါးမိနစ်က နာရီဝက်လောက်ကြာမှ လာနှိုးစရာလား !! Oiii ငါအတန်းနောက်ကျနေပြီ "

သူ့လက်ထဲက သဘက်လှမ်းယူရင်း ရေချိုးခန်းထဲပြေးဝင်သွားတဲ့ P' ကို ကြည့်ပြီး မနက်စာပြင်ဖို့ ထထွက်လာခဲ့တယ် ။

သူ့ဘာသာမနက်အိပ်ရာထနောက်ကျလည်း လာဆူတတ်တဲ့ P' ကိုမှ သူလိုချင်မိတာပါ။

++++++++++++++++++++++++++++++++

" Kongpop !!! underwear အထပ်လိုက်ပျောက်နေပြန်ပြီ ဘယ်မှာလဲ ? "

" ကျွန်တော့်အခန်းယူပြီး လျှော်ထားတာ။ ဟိုဘက်မှာ လှမ်းထားတယ် "

တဖက်က ဝရံတာမှာလှမ်းထားတဲ့ P' ဘောင်းဘီတွေကိုလှမ်းပြတော့မှ မျက်နှာလေး ပန်းရောင်သန်းသွားပြီး

" Oii ဒီမှာပဲ လှမ်းတာမဟုတ်ဘူး ဟိုသယ် ဒီသယ်နဲ့ "

အမြဲတမ်းရှက်တာတောင်မှ ပွစိပွစိလုပ်နေတတ်တဲ့ P'ကိုပဲ သူလိုချင်မိတာပါ။

++++++++++++++++++++++++++++++++

" ပြန်မအိပ်ရဘူးကွာ! ဒီည ဒီမှာပဲအိပ်ရမယ် "

" ဒါဆို P' ရေချိုးပြီးမှ အိပ်ရမယ် "

" Oiii ! ငါ့ကို ရွံလို့လား Kong ~ လာလာ လာနမ်းကြည့် မွှေးနေတာပဲ "

" P' ရေချိုးပြီးအိပ်မှ သက်တောင့်သက်သာနဲ့ အိပ်လို့ကောင်းမှာပေါ့ "

" မချိုးဘူး !!! "

မူးလာတိုင်း ကလေးလေးလို ပြောရခက်တဲ့ P' ကိုပဲ သူလိုချင်မိတာပါ။

You are the Only One ( SOTUS Fanfiction ) - UnicodeOnde histórias criam vida. Descubra agora