5 - No Jealousy But Protection 1

1.2K 95 1
                                    


ကျောင်းပေါင်းစုံအားကစားပွဲတော်နီးလာလို့ ဒီနေ့
တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေကြောင့် လက်ခံကျင်းပတဲ့သူတို့ တက္ကသိုလ်ကြီးကအရင်က
ထက်လူများနေတယ် ။ ပွဲရက်နီးလာတာနဲ့ အမျှ Arthit တို့ စီနီယာတွေက Cheering ဘက်မှာလုပ်
အားပေးရသလို Kongpop တို့ ပထမနှစ် ဂျူနီယာတွေကိုလည်း အားကစားပွဲတော်မှာပြိုင်ဖို့ ဆရာတွေက အားပေးနေကြတယ် ။

Kongpop ကတော့ကျောင်းရဲ့ Moon ဖြစ်တဲ့အတွက် ကျောင်းအုပ်က အားကစားပွဲရဲ့ညမှာလုပ်မယ့် ညစာစားပွဲမှာ MC လုပ်ခိုင်းတာကြောင့် ညပွဲကို သူငယ်ချင်းတွေနဲ့အတူ Arthit အနားမှာနေရင်း ကုန်ဆုံးချင်ပေမယ့့်လည်း Kongpop ခမျာ ကျောင်းအုပ်ကို မငြင်းရဲ ။

" Kong ဟိုဘက်ခြမ်းမှာ P'Arthit တို့မလား ? "

Wad ကမေးငေါ့ပြရင်းနဲ့ ဟိုဘက်ခြမ်းကခုံတန်းမှာထိုင်နေကြတဲ့ စီနီယာတွေကြားမှာ Arthit ရဲ့ဆူပုတ်နေတဲ့မျက်နှာလေးကိုပြနေတယ် ။

Cheering အဖွ့ဲ တာဝန်ကလည်းမသေး။ နဂိုတည်းက ဒေါသကြီးတတ်တဲ့ Arthit တယောက် ကျောင်းသားအုပ်စုအသံမညီလေ ဒေါသတွေကထွက်လာလေဖြစ်နေတယ်။

" Sawadee Krap P' "

Kongpop တို့ဂျူနီယာတွေ စီနီယာတွေထိုင်နေတဲ့နေရာမှာဝင်ထိုင်ရင်း Kongpop က Arthit နဖူးပေါ်က ချွေးစက်လေးတွေကို သူ့ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပဝါလေးနဲ့ ဖိသုတ်ပေးတော့ တအုပ်စုလုံးက

" Oiiii "

" အချစ်ငှက်တွေဝေးဝေးသွားအီကွာ "

"ငါ့လို Single ရှေ့မှာချစ်ပြနေကြတာ အားနာပါဦး "

" Kong မင်းကတော့ Ro လွန်းပါတယ်ကွာ "

"Nong Kongpop ကိုအားပေးကြပါ "

" Waddddd ..  P' ကိုလည်းအဲ့လို သုတ်ပေးလေ "

Prem ရဲ့ဂျီကျသံကြောင့် Wad ကသူ့အင်္ကျီစလေးတွေနဲ့ဖိသုတ်ပေးတော့ နှစ်ယောက်သား အကြည်စိုက်ပြီး တခစ်ခစ်ရယ်နေကြတယ်။ အရင်ကထက်စာရင် Wad နဲ့ Prem ရဲ့RS က ခြောက်ခြောက်ကပ်ကပ်
ကြီးမဟုတ်တော့။ Prem ကလည်း ရဲလာသလို Wad ကလည်း စကားသွက်လာတဲ့အထိ တိုးတက်လာတာကိုး။

" Ohhh - Tew မျက်နှာက ဘာဖြစ်တာလဲ ? "

" အကြီးကြီးမဟုတ်ပါဘူး။ P'Knot ဒီမနက် အိပ်ငိုက်
ပီးချော်လဲတာ စားပွဲစောင်းနဲ့ ပွန်းမိရုံလေးပါ "

You are the Only One ( SOTUS Fanfiction ) - UnicodeOnde histórias criam vida. Descubra agora