38 - Fight for Nothing

762 58 1
                                    

တောင်တက်ခရီးသွားကြမယ်ဆိုတည်းက မလိုက်ချင်ဘူးလို့ ငြင်းထားပြီးသား ။ ဒါပေမယ့် အုပ်စုထဲက မျောက်က သူမလိုက်မချင်း အဆောင်တံခါးကို တဝုန်းဝုန်းထုပြီး အော်နေလို့သာ မပါမဖြစ်ပါလာရတာ ။

" Arthit !!! မြန်မြန်တက်ပါဟ ! မင်း တစ်ယောက်တည်းပဲ ကျန်ခဲ့ပြီ ဒီမှာ "

Prem က အာပြဲနဲ့အော်ရင်း တက်ကြွနေသလောက် သူ့မှာတော့ တဟောဟောနဲ့မောနေရတယ် ။ နောက်မှာကျန်နေခဲ့တဲ့ သူ့လက်ကိုအတင်းဆွဲရင်း လာခေါ်တာက N'Rome ....

" P'Arthit Krap .. မောနေရင်လည်း မြန်မြန်တက်ပြီးနားလို့ရအောင် အားစိုက်တက်လိုက်ပါလား ? အပေါ်ရောက်ရင် P'Kong ကိုမြင်ရတော့မယ့်ဥစ္စာ "

" သူ့ကိုမြင်ရတာ ဘာလုပ်ရမှာလဲ !!! "

Kong ဆိုတဲ့နာမည်ပါလာတာနဲ့ ဒေါသထွက်ပြီး ပြန်စွာမိတော့ မျက်လုံးပေကလပ်ပေကလပ်နဲ့ သနားစရာပြန်ကြည့်နေတဲ့ Rome ရဲ့ငိုခါနီးမျက်နှာကိုမြင်မှ Rome ပုခုံးကိုဖက်ပြီး ပြန်ချော့လိုက်တယ် ။

" Rome .. P' က ဒီအချိန်မှာ အရမ်းမောနေတာ။ ခု သူ့အကြောင်းပါလာတော့ ပိုမောနေရတယ် ။ သူ့အကြောင်းကို P' သိလည်းမသိချင်ဘူး ကြားလည်းမကြားချင်ဘူး ..အဲ့ .. "

" တော်စမ်းပါ Arthit ရယ်။ မင်းရဲ့အူတိုတဲ့အတွေးတွေကို ကလေးကို မသင်ပေးပါနဲ့ "

" Toota !!! ငါ ဘာမှ အူတိုစိတ်ပုတ်စရာမရှိဘူး ... မဟုတ်တာလာမပြောနဲ့ "
Toota ပြောသလို သူ အဲ့လိုဖြစ်တတ်တဲ့လူစားမျိုးထဲမှာမပါပါ။ ယုံစေချင်တယ် .. ။

" Oww.. ခု မင်းက ကလေးကို N'Kong ရဲ့ မကောင်းကြောင်းတွေအတင်းချမလို့မလား ? ဒါ စိတ်ပုတ်တာပဲပေါ့ ... စိတ်ပုတ်ရတဲ့အကြောင်းအရင်းကလည်း အူတိုတာက စတာပဲမလား ? "

သူ ပုခုံးဖက်ထားတာတောင် Rome က ခေါင်းတညိတ်ညိတ်နဲ့ကြားထဲက ထောက်ခံနေတယ် ။ ဒီကလေးလေး .. ကပါ ပါ,နေမှတော့ သူ့ဘက်မှာ ခု ဘယ်သူမှမရှိတော့ဘူးဆိုတာ နားလည်လိုက်ပါတယ်လေ။ ရှေ့က ခပ်သုတ်သုတ်သွားနေတဲ့ Knot က သူ့ကိုစောင်းကြည့်ရင်း

" ခုလည်း ရန်သာဖြစ်ပြီး စိတ်ကောက်နေကြတာ မင်းပဲလိုက်လာရတာပဲမလား ? "

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now