19 - Where is Our Bright ?

822 68 0
                                    

" Emma ! နင် ဒီနေ့ငါနဲ့တော့လိုက်ခဲ့ဟာ P'Porshe နဲ့ပဲ ဒီရက်ပိုင်းလည်နေတာ ဘယ်လောက်ကြာပြီလဲ T_T "

သူ့နောက်က ကလေးသံလေးနဲ့ ကောင်လေးက ဘေးက ကောင်မလေးလက်ကိုမှီရင်း ချွဲနွဲ့ပြီးပြောနေတဲ့အသံကြားတော့ လှည့်ကြည့်လိုက်မိတယ်။ ကောင်လေးက အသားဖြူဖြူ အရပ်ပုပုနဲ့ဆိုပေမယ့် မျက်လုံးနက်နက်လေးနဲ့ ထူးခြားတဲ့နှုတ်ခမ်းနီနီလေးတွေကို အရင်သတိထားမိတယ်။

" Rome ငါ ဒီတခေါက်တော့ ကတိပေးပီးပြီမို့ ဒီနေ့လိုက်သွားရမှာ ! နောက်နေ့ကျမှ လိုက်ကြည့်ပေးမယ်လေဟာ ... Na ? "

သူ အဓိက စပ်စုချင်တဲ့ကောင်မလေးက ဆံပင်အညိုရောင် ချစ်စရာရုပ်ပိုင်ရှင်လေး ။ Okay Bright ! မင်းတော့ အဲ့စော်လေးရဲ့မေဂျာကို စုံစမ်းဖို့လိုပြီ ။

ဒီနေ့မှ Arthit ကလည်းမလာ။ Knot က သူ့အဖေအိမ်သွားလည်နေတာနဲ့ Prem က N'Wad အိမ်လိုက်သွားရတာနဲ့ အဓိက သူတို့ရဲ့ Sissy ဝက်က ကျောင်းလာဖို့နောက်ကျနေတာကြောင့် သူ တယောက်တည်း ကန်တင်းထဲမှာယောင်လည်လည်ဖြစ်ရင်းနဲ့ ဒီလို ကံလာကောင်းတာ ။

" Bye Rome <3 ဟိုမှာ P'Porshe လာနေပြီ "

ကောင်မလေး ထသွားတော့ Rome ဆိုတဲ့ကောင်လေးက မျက်နှာငယ်နဲ့ လက်ထဲက ရုပ်ရှင်လတ်မှတ်နှစ်စောင်ကို ပွတ်နေတယ် ။ ဟုတ်ပြီ ဒီကောင်လေးကို ပေါင်းပြီး သူ့သူငယ်ချင်းကောင်မလေးအကြောင်းစုံစမ်းရမယ် ။

"Ahemm Ahemm "

နေရာကနေထလာရင်း Rome ဆိုတဲ့ကောင်လေး ဘေးနားကခုံမှာ ချောင်းဟန့်ပီး ဝင်ထိုင်တော့ Rome က သူ့ကို မျက်မှောင်ကြုတ်ကြည့်လာတယ်။

" မင်းကြိတ်ကြိုက်နေတဲ့ကောင်မလေးက မင်း Date တာကို မလိုက်တာလား ? "

" မဟုတ်ပါဘူး။ Emma က ကျွန်တော့်သူငယ်ချင်းပါ ။ မသိလို့မေးမယ်နော် P' ! Engineering ရဲ့ ကန်တင်းက ဘာမှမရောင်းလို့လား ?"
( A/N : Uniform ကြောင့် Rome က သတိထားမိတာနော် )

"Oii မဟုတ်ပါဘူး ! ဒီဘက်လမ်းလျှောက်လာရင်းနဲ့ လာဝင်ထိုင်ဖြစ်တာ !နေပါဦး မင်းတို့နှစ်ယောက်က မေဂျာတူတူပဲလား ? "

Rome ကခေါင်းညိတ်ပြတော့ သူကပါ ယောင်ယမ်းပြီး ခေါင်းလိုက်ညိတ်ရင်း

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now