23 - Movie Date ( 2 )

761 71 2
                                    

ဒီတခေါက် လာကြည့်တဲ့ကားက Romance ကား... ဒါပေမယ့် နှစ်ယောက်တည်း ကောင်းကောင်း ကြည့်ရမလားမှတ်တယ် ဘေးနားက မျောက်တွဲတွေက ကပ်ပါလာတော့ လက်မှတ်ဝယ်နေတည်းက Kong မျက်နှာက မကောင်း ။

ကျန်တဲ့အချိန်တွေသည်းခံနိုင်ပေမယ့် ပိတ်ရက်အချိန်လေး လာနှောင့်ယှက်ရင်တော့ လုံးဝ ပေါက်ကွဲနေရတယ်။ ရှားရှားပါးပါး နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် အပြင်ထွက်တာတောင် သူတို့မှာ ကလေးထိန်းအလားပဲ ..

" ဒီကားကို အားလုံးပေါင်း 12 စောင်ပေးပါ P' "

လက်မှတ်ရောင်းတဲ့သူက Kong လက်ထဲကို လက်မှတ်တွေမထည့်ရသေးဘူး Bright က ကြားထဲကနေ ဖြတ်ပြီး ဝင်ယူတော့ သူ Rome လစ်မလစ်ကြည့်ပြီး ခေါက်ဖို့ကြိုးစားပေမယ့့်လည်း ဟိုကလေးက သူ့ကျပ်မပြည့်ကောင်လက်ထဲက လက်မှတ်တွေနဲ့ တူတူ Selfie ရိုက်နေတော့ ကိုယ်တောင် ဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ် ။

" May ... ဒါလေးဝယ်သွားမလား ? "

ဒီနေ့မှ M က May ကိုပါရုပ်ရှင်ကြည့်ဖို့ခေါ်လာတော့ တယောက်တည်း ဖြစ်နေတဲ့ May က ပြုံးရင်းခေါင်းခါပြပြီး

" မဝယ်နဲ့တော့ M .. ဒီထဲမှာ မုန့်တွေအပြည့့်ပါတယ် "

လွယ်လာတဲ့ပိုက်ဆံအိတ်ကြီးကို တဗုန်းဗုန်းပုတ်ပြရင်းပြောနေတော့ သူပါ နောက်ဆို Kong နဲ့ နှစ်ယောက်တည်းလာရင် အဲ့လို မုန့်တွေထည့့်လာဖို့ ဆုံးဖြတ်လိုက်တယ် ။ ဟုတ်တယ်လေ .. ရုပ်ရှင်ရုံကမုန့်တွေက အဲ့လောက်ဈေးကြီးတာကို ..

" Wad ဒီကားမကြည့်ချင်ရင် ဟိုဘက်က စစ်ကားပြောင်းကြည့်မလား ? "

Prem က သူစပ်စုပြီးခိုးနားထောင်နေမှန်းမသိ။ Wad ကို မေးနေတော့ ခေါင်းတရမ်းရမ်းနဲ့ Wad က

" ဒီကားရဲ့ feedback ကောင်းတယ်လို့ Kong ပြောတယ် ။ P' ကြည့်ချင်ရင် အဲ့စစ်ကားကို ကိုယ့်ဘာသာ သွားကြည့် "

"တယောက်တည်းမကြည့်ပါဘူး ! Wad နဲ့ပဲကြည့်ချင်တာ "

ကလေးလိုလို ခွေးလိုလို ဒီဇိုင်းနဲ့ Wad ကိုဖက်ပြီး ရင်ခွင်ထဲပြေးဝင်နေတဲ့ပုံဖမ်းနေတဲ့ ကျပ်မပြည့်တဲ့နောက်တကောင်ကိုပါ မြင်လိုက်ရတော့ သူခေါင်းခါရမ်းလိုက်တယ် ။ အချစ်က လူကို အပြောင်းလဲကြီးပြောင်းလဲစေနိုင်ပါလား ..

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now