11 - You are better than her

994 87 4
                                    

" M .. ဒီနေရာမှာ ငါဝင်ထိုင်လို့ရလား? "

အဝေးပြေးကားပေါ်တက်တက်ချင်း သူ့နားမှာ မထိုင်ဘဲ M ဘေးခုံမှာ Kongpop က ဝင်ထိုင်ရင်းပြောတာကို Arthit က ကြည့်နေလိုက်တယ်။လွန်ခဲ့တဲ့နှစ်ရက်က Namtarn နဲ့ သူ့ကို ပန်းခြံထဲမှာမြင်ပီးတည်းက Kong သူ့ကို စကားမပြောတော့။ Kong ကလည်း အဲ့အကြောင်းကို လာမမေးသလို သူကလည်း သွားမရှင်းပြဖြစ်ဘူး။

"Arthit .. မင်းနဲ့ငါနဲ့တူတူကျပြန်ပြီ"

"Shiaaa Bright ! ဘာလို့ ငါ့ဘေးမှာလဲ ? မင်းရှိနေရင် ငါအိပ်လို့ရမှာမဟုတ်ဘူး "

စပ်ဖြီးဖြီးနဲ့ ဘေးခုံလာထိုင်တဲ့ Bright ကို စိတ်ပျက်လက်ပျက်ကြည့်ရင်း အော်တာ Arthit အသံကျယ်သွားလို့ သူငယ်ချင်းတွေကရယ်နေကြပေမယ့် Kongpop က တချက်လေးတောင်စောင်းမကြည့်။ Bright က ကားထဲမှာတောင် နေကာမျက်မှန်ကြီးကောက်တပ်ပီး Arthit ပေါင်ပေါ်ကို သူ့ခြေထောက်နှစ်ဖက်လှမ်းတင်လိုက်တယ်။

" မင်းတို့အတွဲက ရန်ဖြစ်ထားတော့ N'Kong က N'Oak နေရာမှာထိုင်ရော .. အဲ့တော့ N'Oak ကို သွားခိုင်းဖို့ကျ သူက မင်းနဲ့မထိုင်ရဲဘူးတဲ့ "

" ဘာဖြစ်လို့ ငါနဲ့မထိုင်ရဲတာလဲ ? Hey N'Oak !"

ဘာလို့မထိုင်ရဲရတာလဲ ? ပြဿနာမျိုးစုံရှာနေမယ့် Bright ထက်စာရင် အနည်းဆုံးတော့ကြောက်နေတဲ့ Oak ကိုဘေးမှာထားရတာက ကောင်းသေးတယ်။

" မင်းက N'Kong နဲ့စကားမပြောရတည်းက လမ်းမှာတွေ့သမျှခွေးတွေတောင်ဘုကြည့်ကြည့်နေတာ သူမြင်တယ်တဲ့။ အဲ့ဒါကြောင့် ကဲ ဒါဆို Toota နဲ့ထိုင်။ P'က ဘုရှိုးရှိုးနေတဲ့ကောင်ဆီသွားမယ်ဆိုပြီးလာခဲ့တာ "

"Shitt ရှုပ်နေတာပဲ။ ငါသွားမေးမယ် N'Oak ကို "

Arthit လှမ်းခေါ်လိုက်တည်းက Oak ကမျက်နှာပျက်နေတော့ Bright က Arthit လက်ကို အတင်းဖိထားပြီး ထိုင်ခုံကနေမကြွခိုင်းဘဲ ဟိုဘက်ခြမ်းထိုင်ခုံမှာထိုင်နေတဲ့ Kong ဘက်ကိုလှည့်ပီးပြောတယ် ။

" N'Kong မင်းဒီဘက်မှာ လာထိုင်လိုက်ရင် ကမ္ဘာကြီးကို မကယ်တင်နိုင်ရင်တောင်မှ အနည်းဆုံးတော့ ငါတို့အားလုံးရဲ့ အေးချမ်းလိုတဲ့နှလုံးသားကို ကယ်တင်နိုင်လိမ့်မယ် "

You are the Only One ( SOTUS Fanfiction ) - UnicodeTempat cerita menjadi hidup. Temukan sekarang