9 - Visitors

990 78 0
                                    

Arthit ဒီတခေါက် နွေရာသီကျောင်းနှစ်လနားတော့ အိမ်ကိုပြန်ဖြစ်တယ်။ တဦးတည်းသော သားဖြစ်တဲ့ သူ့ကို အဖေနဲ့အမေက ပိုးမွေးသလိုဂရုစိုက်ပြီးမွေးလာကြတာဆိုတော့ မပြန်လို့ကလည်းမဖြစ်။ အဆောင်မှာနေပြီးတည်းက အိမ်ကို ၆လနေမှ တခေါက်လောက်ပဲ ရောက်ဖြစ်တော့ အိမ်ပြန်လာတိုင်း အမေက မျက်စိအောက်က အပျောက်မခံတော့ဘူး ။

သူဆိုးသမျှကို အလိုလိုက်ပီး အကုန်လိုက်လျောခဲ့ပေမယ့် တခါတလေကျရင် အပြန်အလှန်အနေနဲ့ အပေးအယူလုပ်ရတာတွေလည်းရှိတယ် ။ စဉ်းစားကြည့်ရင် Bright နဲ့ သူ့မိသားစုနဲ့က အမျိုးများတော်လားမသိ ။ အယူရှိရင်အပေးရှိှိရမယ်ဆိုတဲ့စနစ်က တော့်တော့်ကိုတူတယ်လေ .. ။

စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့မှာတင်ပြန်လာခဲ့ရတော့ Kong က သူ့ကိုကျန်းမာရေးဂရုစိုက်ဖို့ ညတိုင်း Video Call ခေါ်ဖို့ အထပ်ထပ်မှာနေတာကို ပြန်တောင်သတိရတယ် ။ ညတိုင်း Ph ပြောဖြစ်ကြတိုင်း ပြောတဲ့အကြောင်းတွေကလည်း မနက်အိပ်ရာထတာကစလို့ ခုဖုန်းဆက်တဲ့အချိန်အထိ ခရေစေ့တွင်းကျ အပြန်အလှန်ပြောကြတာ။

ဖြစ်နိုင်ရင် ဒီမှာ တပတ်လောက်ပဲနေပီး Kong နဲ့အတူ နွေရာသီကျောင်းပိတ်ရက်ကိုဖြတ်သန်းချင်လိုက်တာ ။

"Oon .... အိမ်ပြန်လာပီး တပတ်အတွင်း သားကို Ma' ကြည့်နေတာ .. ငေးငေးငိုင်ငိုင်နဲ့ .. ဘာဖြစ်နေတာလဲ "

" ကျောင်းမှာ သူ လွမ်းစရာလူကျန်ခဲ့လို့နေမှာပေါ့ "

" Pa' ! "

Pa' ဝင်ပြောလိုက်တဲ့စကားကြောင့်ပန်းသီးစိတ်ကို လှမ်းယူနေတဲ့လက်တောင်ချော်သွားတယ် ။ Ma' က သူ့မျက်နှာကို အကဲခတ်ရင်း

" Oon ကောင်မလေးရနေပီလား? အရင်တုန်းက ကြိုက်လှပါချည်ရဲ့ဆိုတဲ့ Namtarn ခုအိမ်ပြန်ရောက်နေတာတောင် သွားမတွေ့တော့ဘူး "

" Ma' သူ နဲ့Jayနဲ့တွဲနေတာပါလို့ သား ပြောနေတာ ဘယ်လောက်ကြာပီလဲ?"

"အော .. ဘယ်ပြောလို့ရမလဲ ? Ma'တို့ Oon လေးက သူ့အပေါ်စိတ်မပြောင်းဘဲချစ်နေတုန်းဆိုတာ သိရင် ပြန်ချစ်ရင်ပြန်ချစ်မှာပေါ့ "

"မင်း,သားက ဖွင့်တောင်မပြောရဲခဲ့တာ။ ဘယ်လိုလုပ် ကောင်မလေးကပြန်ချစ်မှာလဲ ?"

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now