" ထချိန်ရောက်နေပြီ P'Arthit "
" ထတော့လေ P' "
" Oon ~ မထသေးဘူးလား "
နားနားကပ်ပြီး တိုးတိုးလေးလာခေါ်နေမှတော့ ဘယ်သူက ထချင်မှာလဲ !?
" ဘယ်လိုအိပ်ရာနှိုးနည်းလဲ အဲ့ဒါ !? အဲ့အသံနဲ့နိုးနေမှတော့ ငါအလုပ်
နောက်ကျကုန်မှာပေါ့ "အိပ်ရာပေါ်က Kong ကို ဆောင့်တွန်းရင်း ဆောင့်ကြီးအောင့်ကြီးနဲ့ ကုတင်ပေါ်က ဆင်းပြီး ရေချိုးခန်းဘက် ပြေးဖို့အလုပ် Kong က သူ့လက်ထဲကို မျက်နှာသုတ်ပဝါ လှမ်းထည့်ပေးတယ် ။
" နေဦး .. Kong မင်းနဲ့ငါ ဒီလောက်နဲ့ မပြီးသေးဘူး "
မိုးလင်းတာနဲ့ သူ့ကို ဂရုစိုက်ပေးနေကျ Kong ကိုပဲ သူလိုချင်တာပါ ။
××××××××××××××××××××××××××××××××
" P' ? အစပ်တွေစားတာ အရမ်းမများလွန်းဘူးလား ?"
ငရုတ်သီးအနှစ်လှမ်းယူဖို့လုပ်နေတဲ့ လက်တွေကို Kong က လှမ်းဆွဲရင်း
သတိပေးတော့ Kong ကို သူမျက်မှောင်ကြုတ်ရင်း လှမ်းကြည့်လိုက်တယ်။" တော်ကြာ အလုပ်မှာ ဗိုက်အောင့်နေဦးမယ် "
" ဘာဖြစ်လဲ ကိုယ့်ဟာကိုယ်စားတာ "
" ကျွန်တော်က စိတ်ပူလို့ပါ "
Kong က လက်ကိုပြန်ရုတ်ရင်း ပြောနေတဲ့အချိန် Kong စကားကြောင့် သူအကြံတခုပေါ်လာတယ် ။ သတိလက်လွှတ်ငေးနေတဲ့ Kong ရှေ့က အသားလုံးခေါက်ဆွဲပန်းကန်ထဲကို ငရုတ်သီးနှစ်ဇွန်းကောက်ထည့်လိုက်မှ Kong က
" Oii P' ဒီလောက်စပ်နေတာကြီး ကျွန်တော် ဘယ်လိုစားရမလဲ ? "
" ကိုယ့်နည်းကိုယ့်ဟန်နဲ့စားပေါ့။ တကယ်လို့ မင်းကျောင်းမှာ ဗိုက်အောင့််နေရင် ငါလည်း အလုပ်မှာ ဗိုက်အောင့်နေလောက်ပြီဆိုပြီး မင်းသိမှာပဲ "
".... "
" စိတ်ပူလို့ဆို ! "
ဘာမှဆက်မပြောဘဲ ခေါင်းငုံ့စားလိုက် ရေသောက်လိုက်နဲ့ တရှူးရှူး တရှဲရှဲဖြစ်နေတဲ့ Kong ကို ပြုံးရင်း သူစိုက်ကြည့်နေလိုက်တယ် ။
အစပ်စားတိုင်း အနိုင်ကျင့်ပြီး ကျွေးလို့ရတဲ့ Kong ကိုပဲ သူလိုချင်မိတာပါ ။
YOU ARE READING
You are the Only One ( SOTUS Fanfiction ) - Unicode
FanfictionCompleted / Start Date : May 15, 2020 (Unicode Ver.) ပြန်ဖတ်ဖို့ ယူနီကုတ်နဲ့တင်ပေးပါလို့ ပူဆာနေတဲ့သူတွေအတွက်ပါ 🙏🏽 အရင်တုန်းက အချစ်တွေနဲ့ပဲ Only One လေးကို ပြန်ဖတ်ရင်း SOTUS Team ကြီးကို ပြန်လွမ်းကြတာပေါ့။