50 - Stop the War

860 54 2
                                    

ကျောင်းဆောင်အခန်းထဲကနေ ငါးယောက်တွဲဆင်းလာတုန်းက အကောင်း။ အောက်ရောက်တော့မှ စတဲ့ပြသနာက :

" P'Arthit !? ခဏလေးပါ "

Kongpop ဆီကိုသာ မဲပြီးသွားနေကြတဲ့ Arthit တို့ငါးယောက်လုံး အသံလာရာ နောက်ကိုပြန်လှည့်ကြည့်လိုက်တော့ ကောင်လေးတယောက်ကပြုံးပြီး Arthit ရှေ့ကိုအပြေးရောက်လာတယ် ။

" P'Arthit ကျွန်တော့်ကိုမှတ်မိလား ? Dang လေ "

Dang ? Arthit ကကြောင်တောင်တောင်ကြည့်နေရာကနေ မျက်ခုံးနှစ်ဖက်ကိုတွန့်ကာ အလိုမကျတဲ့မျက်နှာနဲ့

" Dang ဆိုတာ အထက်တန်းကျောင်းတုန်းက ငါ့ကိုနှင်းဆီပန်းလာပေးလို့ ငါခေါင်းခေါက်လိုက်တဲ့ Dang လား ? "

" ဟုတ်တယ်လေ။ ကျွန်တော့်ကိုအဲ့တုန်းကတောင် ယောကျ်ားလေးချင်းမကြိုက်တတ်ဘူးလို့ပြောပြီး P'Namtarn မွေးနေ့အတွက်ပန်းဝယ်ပေးဖို့ 'မင်းပန်းဝယ်လာတဲ့ဆိုင်ကို ငါ့ကိုလိုက်ပို့ပေး' ဆိုပြီးပြောတာနဲ့ ကျွန်တော် ငိုပြီးတော့တောင် ဆိုင်လိုက်ပြလိုက်ရသေးတယ်လေ "

ကောင်လေးကဝမ်းသာအားရနဲ့ခေါင်းညိတ်ပြရင်းသေချာရှင်းပြနေတော့ Toota နဲ့ Bright က

" အိုး .. မျက်နှာပြောင်ဘယ်လောက်တိုက်လိုက်တာလဲ ကလေးကို ? "

" အားမနာတတ်တာ မင်းအကျင့်လား ? "

သူတို့စကားကြောင့် Dang က သဘောတကျနဲ့ရယ်နေသလောက် Arthit ကတော့ မျက်နှာတည်ကြီးနဲ့လက်ပိုက်ပြီး

" မင်းက ခုဆိုဒုတိယနှစ်တက်နေရပြီမလား ? "

" P' ! ကျွန်တော့်ကိုအဲ့လောက်ထိ သေချာမှတ်မိတယ်ဟုတ်လား :) ခု ဒုတိယနှစ်ကို ဒီတက္ကသိုလ်ပြောင်းတက်ဖို့ကျောင်းလာလျှောက်တာလေ ဒါနဲ့ P' ရော ? "

" ငါ ဘွဲ့ယူပြီ "

လေသံအေးအေးနဲ့ပဲပြန်ပြောနေတဲ့ Arthit ကြောင့် Dang က စိတ်မကောင်းဖြစ်သွားတဲ့အသံနဲ့ မျက်နှာလေးငယ်ရင်း

" ကံကြမ္မာက ကျွန်တော်တို့ကို ပြန်ပေးတွေ့ပေမယ့့်လည်း P' နဲ့တူတူကျောင်းတက်ဖို့အခွင့်အရေးတော့ မရလိုက်တော့ဘူးပေါ့ "

" မင်း ခုဘယ်မှာနေနေလဲ ? စစချင်းဆို ဘန်ကောက်မှာနေရတာ အဆင်မပြေဘူးမလား ? ငါ့တုန်းကအဲ့အတိုင်းပဲ"

You are the Only One ( SOTUS Fanfiction ) - UnicodeWhere stories live. Discover now