13 - Knot's Kiddy

943 71 2
                                    

ပထမနှစ် ကျောင်းစတက်တည်းက Kongpop က ကျောင်းသားခေါင်းဆောင်မလုပ်ချင်ဘူးဆိုလို့ ကျွန်တော်က ကျွန်တော်တို့ Batch ရဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်လာခဲ့တယ် ။

ဒီဒုတိယနှစ်လည်း အကုန်လုံးက ကျောင်းသားခေါင်းဆောင်နေရာမှာ ကျွန်တော့်ကိုပဲ ပြန်ရွေးကြတော့ စာတွေများလာရတဲ့ကြားထဲ ကျောင်းအလုပ်တွေကပါ တဖက်ဖြစ်လာရော ။

ကျောင်းမှာလူတော်တော်များများ ကျွန်တော့်ကို မှတ်မိတဲ့အချက်ထဲမှာ ကျွန်တော်က Ai'Kong နီးပါးလောက်ကြည့်ကောင်းတာရယ်၊ ကျောင်းသားခေါင်းဆောင်ဖြစ်တာရယ် နောက်ဆုံးတခုက Knot's Kiddy ဆိုတဲ့ ဆိုင်းဘုတ်ကြောင့်ရယ် ။ ဟုတ်တယ် .. Knot's Kiddy တဲ့။

ကျွန်တော်နဲ့ P'Knot တို့ ဘောလီဘောပွဲပြီးတော့ ညစာထွက်စားတည်းက P'Knot က သူ့ကို ဘယ်လိုသဘောထားလဲ မေးလာတယ် ။ မေးတဲ့ပုံကလည်း

"Ah .. Tew umm .. P' သွယ်ဝိုက်ပြီးတော့ မမေးတော့ဘူး ...... P' ကို ဘယ်လိုသဘောရလဲ "တဲ့ !

အဲ့နေ့ပဲ ကျွန်တော့်ဘက်က အရင် P'Knot ကို သဘောကျကြောင်းဖွင့်ပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ ဘောလီဘောပွဲက ဟို BeBe ကြောင့် !
အဲ့နေ့က -

" P'Knot ကျွန်တော့်ကို ဘာအဓိပ္ပါယ်နဲ့ ဒီမေးခွန်းမေးလည်းဆိုတာ မသိပေမယ့် ကျွန်တော် ဒီနေ့ P' ကို ဖွင့်ပြောစရာရှိတယ်"

" ... "

"P' ကို ကျွန်တော်သဘောကျတယ် .. ကျနော်မျှော်လင့်ချက်မထားပါဘူး P'..P' အိမ်က မိတ်ဆက်ပေးတဲ့ကောင်မလေးနဲ့သွားတွေ့တည်းက ကျွန်တော်နားလည်ပါတယ် "

" Tew .. အဲ့ဒါ ..."

"ကျွန်တော့်စကားဆုံးအောင်နားထောင်ပေးပါ P' .. ကျွန်တော် ဒီနေ့ဖွင့်ပြောတယ်ဆိုတာကလည်း ကျွန်တော့်ကို P'မေးလို့ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း P' ကိုသိစေချင်လို့ "

" Tew ? ဒီနေ့ ဘောလီဘောဆော့ပြီးကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတာလား ? မနှစ်က အလံလုပွဲတုန်းကနဲ့ တခြားစီပဲ"

" ဒါ စားပွဲအောက်က တုန်နေတဲ့ ကျွန်တော့် ခြေထောက်တွေကို P' မမြင်လို့ဖြစ်မှာပါ "

You are the Only One ( SOTUS Fanfiction ) - UnicodeDonde viven las historias. Descúbrelo ahora