14 - Movie Date ( 1 )

872 82 3
                                    

လွန်ခဲ့သော နှစ်လခန့်က ~

" P'Arthit ? P ? ဘယ်မှာလဲ ?"

ရေချိုးနေရင်း အပြင်က Kong အသံကြားလို့ သူမြန်မြန်ရေချိုးပီးထွက်လာတော့ Kong က ဝယ်လာတဲ့ မုန့့်တွေကို စားပွဲပေါ်တင်ရင်းလှမ်းကြည့်တယ် ။

" ဘာတွေဝယ်လာလဲ ? "

ခေါင်းသုတ်ရင်း ဝယ်လာတဲ့ဟာတွေကို ကျွတ်ကျွတ်အိတ်ထဲကနေဖြဲရှာနေတော့ Kong က သူ့ခေါင်းပေါ်က သဘက်ကိုယူပြီး ခေါင်းသုတ်ပေးလာတယ်။

" ဒီည ကြည့်ဖို့ ကျွန်တော် ရုပ်ရှင် Down ထားတယ် သိလား ?"

" ဟုတ်လား ? ဘာကားလဲ ?"

" Shudder တဲ့ P' ! M တောင် May နဲ့သွားကြည့်ပီးပြီ။ ကျနော် က P' နဲ့ နှစ်ယောက်တည်းကြည့်ချင်လို့ Down ထားတာ "

"နေဦး !! ခုတလော hit ဖြစ်နေတဲ့ သရဲကားလား ?"

Kong က ခေါင်းညိတ်ရင်း ရေစိုနေတဲ့သဘက်ကို ဝရံတာမှာသွားလှမ်းတယ်။ ဒါပေမယ့် သူကတော့ သရဲကားဆိုတဲ့ အသံကိုကြားရတာနဲ့တင် ကြက်သီးတွေ တဖြန်းဖြန်းထနေပြီ။

သရဲအရမ်းကြောက်တတ်တာမို့ ငယ်ငယ်လေးတည်းက သူ့အိမ်က ဘယ်လောက်ကြည့်ကြည့် လုံးဝ ရုပ်ရှင်ရုံကို မလိုက်ခဲ့တာ ။ Kong နဲ့ စစတွေ့ချင်းနှစ်တုန်းက P'Dear တို့နဲ့အစည်းအဝေးလုပ်ပီးအပြန် Kong ကို အမှောင်ထဲတွေ့တာတောင် သူ့မှာ အဲ့နေ့က သရဲထင်လို့ အော်မဆဲမိတာ ကံကောင်း !!

Kong က ကုတင်ပေါ်မှာထိုင်ရင်း Laptop ဖွင့်နေတဲ့အချိန် ဘယ်လိုဖွင့်ပြောရင်ကောင်းမလဲဆိုတဲ့ အတွေးနဲ့ သူတစ်ယောက်တည်းယောက်ယက်ခတ်နေတယ် ။ ခု သရဲကားမကြည့်ရဲဘူးပြောရင် Kong သူ့ကို ရယ်မှာသေချာတာပေါ့ ..

"P' လာတော့လေ။ ဒီမှာ ကျွန်တော်ဖွင့်တောင်ဖွင့်ပြီးနေဘီ "

Kong က သူ့ကိုလှမ်းခေါ်ရင်း မီးခလုတ်တွေထပိတ်တော့ မီးတွေမမှိတ်ခင် သူကုတင်ပေါ်ပြေးတက်ပြီး စောင်အမြန်ခြုံလိုက်တယ် ။ သူဖြစ်နေတဲ့ပုံစံကို ခုထိ Kong က သတိမထားမိဘဲ ကုတင်ပေါ်တက်ထိုင်ရင်း Laptop တင်ထားတဲ့ခုံလေးကိုပါ ကုတင်ပေါ်ရွှေ့လာတယ်။

အရင်ကဆို အိပ်ရင်တောင် Kong ဖက်ရင်မနေတတ်လို့ အော်နေတတ်တဲ့ သူက ဒီနေ့မှ ထူးထူးဆန်းဆန်း Kong ရင်ခွင်ထဲတိုးပြီး ကြပ်ကြပ်ဖက်ထားတော့ Kong က တအံ့တသြနဲ့ ငုံ့ကြည့်လာသေး ။

You are the Only One ( SOTUS Fanfiction ) - UnicodeTahanan ng mga kuwento. Tumuklas ngayon