39 - Kongpop ??

761 56 3
                                    

" မဟုတ်ဘူး !! "

Kong ဆီက စိတ်မရှည်တဲ့အော်သံထွက်လာတာနဲ့အတူ နီရဲနေတဲ့မျက်လုံးတွေနဲ့ သူ့ကိုကြည့်လာရင်း

" ဘာတွေတွေးနေပြန်တာလဲ P' .. ကျွန်တော် အဲ့လိုသဘောနဲ့ ငြိမ်နေခဲ့တာ မဟုတ်ဘူး "

ရှင်းပြနေတာတောင်မှ အရင်လိုသူ့မျက်နှာကိုသေချာမကြည့်ဘဲ ဟိုဘက်ကိုလှည့်သွားတာမို့ Kong ကိုယ်ကို သူပြန်ဆွဲလှည့်လိုက်တယ်။

" ပြောလေ .. ဘာသဘောနဲ့လဲ ? "

"... "

"ပြောလေ .. မင်းငြိမ်နေခဲ့တာ ဘာလို့လဲ?"

".... "

"ပြောလေ KONGPOP !! ငါသာရောက်မလာခဲ့ရင် မင်းနဲ့သူ အဲ့နေရာမှာတင် ဖောက်ပြန်ကြတော့မှာမလား ? "

မေးခွန်းတခုမေးလိုက် Kong ပုခုံးနှစ်ဖက်ကိုဆောင့်တွန်းလိုက်နဲ့မို့ Kong ခန္ဓာကိုယ်က နောက်ကိုရောက်ရောက်သွားတယ်။ သူ့လက်တွေကို ဖမ်းချုပ်ရင်း Kong က လေသံအေးအေးနဲ့

" အဲ့အတွေးတွေကိုက မဟုတ်တာ။ P'Arthit ကျွန်တော့်ကို ဒီလိုပုံစံနဲ့ပဲ မြင်နေတာလား ? "

" ရှင်း ... မင်း အရင်တုန်းက ဒီအချိန်မျိုးဆို သိပ်ရှင်းပြချင်တယ်မလား .. ခု ရှင်း !! "

Kong ချုပ်ထားတဲ့ကြားထဲက သူ့လက်တွေကို အတင်းရုန်းထွက်ရင်း ဖြုတ်ချလိုက်တော့ Kong က စာကြည့်တိုက်ဘက်ကို လက်ညိုးထိုးပြကာ

" N'Pharm နဲ့ဖောက်ပြန်ချင်ရင် အရင်ထဲက ဖောက်ပြန်လို့ို့ရတယ် .. ခုဟာက ကျွန်တော့်ဘက်က လက်ခံနေလို့လား !? "

" မဖောက်ပြန်လို့သာ နားတခုလုံးကို ဝါးမစားရုံတမယ် .. ဖောက်များဖောက်ပြန်ကြလို့ကတော့ တကိုယ်လုံးများ မြိုချထားမလားပဲ !! "

" ဒါ ကျွန်တော် တွေးနေမိတဲ့အချိန် သူရုတ်တရက်လုပ်လာတာလေ "

" ဪ .. ဒါတောင်မရှောင်နိုင်တော့ဘူးလား "

ဘေးနားက ကျောက်ခဲတွေကို ခြေထောက်နဲ့လှမ်းကန်ရင်း သူအော်ပြောတော့ Kong က သက်ပြင်းချရင်းနဲ့ သူ့ကို စိုက်ကြည့်လာတယ်။ Kong ရဲ့အကြည့်က ခနဲ့တဲ့အကြည့်မျိုး ...

You are the Only One ( SOTUS Fanfiction ) - UnicodeTahanan ng mga kuwento. Tumuklas ngayon