Zawgyi
Flashback starts...
ပထမဆုံးတက္ကသိုလ်စတက်ရမည့်နေ့မို့လို့ ဟန်စေသာစိတ်လှုပ်ရှားနေမိသညိ။တက္ကသိုလ်တက်ရင်း သူလုပ်ချင်တာတွေအများကြီးရှိသည်လေ။မနက်အစောကြီးကတည်းက ပြင်ဆင်ပြီးနေသောကြောင့် သူ့အမေပင်မနည်းတားယူရသည်။
"အမလေး ငါ့သားရယ်၊တက်ကြွလှချည်လား။ဆယ်တန်းတုန်းကငပျင်းလေးက ဘယ်ရောက်သွားရတာတုန်း"
"မေမေကလည်းဗျာ၊ကိုယ့်သားကိုယ်အဲ့လိုပြောရလား။ပထမဆုံးနေ့မို့လို့ပါဗျ"
"ဟုတ်ပါပြီ။မနက်စာစားလိုက်ဦး။ကျောင်းသွားဖို့ကလိုသေးတယ်"
"ဟုတ်"
မနက်စာစားပြီးတော့ သူ့မေမေပါးကိုနမ်းကာ ကျောင်းဘက်ကိုထွက်လာလိုက်သည်။ကျောင်းနားကိုမောင်းလာရင်း လူတစ်ယောက်အရှေ့ကနေ ဖြတ်ပြေးလာသောကြောင့် ကားကိုမြန်မြန်ရပ်ပစ်လိုက်ရသည်။
"အာ့ လန့်လိုက်တာ၊ဘယ်လိုပြေးလာမှန်းကိုမသိဘူးကွာ"
ကားရှေ့ကလူကအခုထိကိုမထလာသေးသောကြောင့် ခါးပတ်ကိုဖြုတ်လိုက်ပြီး ကားပေါ်မှဆင်းလာလိုက်သည်။လဲကျနေသောထိုလူ့နားကိုလျှောက်သွားလိုက်ကာ ဒူးထောက်၍ထိုင်ချလိုက်တော့ သူ့ကိုမျက်မှောင်ကြုံ့ပြီးကြည့်လာသောသူ။
"ခင်ဗျားဘာဖြစ်သွားသေးလဲ။ကျွန်တော့်ကားနဲ့တော့မတိုက်မိဘူးထင်တယ်နော်။ကျွန်တော်မြန်မြန်ရပ်လိုက်တာ"
အခုချိန်ထိစကားတစ်ခွန်းမှမဟသေးဘဲ သူ့ကိုစိုက်ကြည့်နေသောကြောင့် တဖြည်းဖြည်းမျက်နှာပူလာရသည်။ဘယ်သူမဆို ကိုယ့်ကိုအကြာကြီးကြည့်နေရင်တော့ ရှက်တတ်တာက သဘာဝပင်မဟုတ်လား။
"ဘ...ဘာလို့အဲ့လောက်ကြည့်နေရတာလဲဗျာ။အဆင်ပြေလားလို့ မေးနေတယ်လေ"
"အင်း ချစ်ဖို့ကောင်းတယ်"
"ဟင်"
ခပ်ပြုံးပြုံးနှင့်ပြောနေသောသူကိုကြည့်၍ သူ့မျက်နှာဘယ်နားထားရမလဲပင်မသိတော့။ထိုလူကတော့ ရှက်ကြောနှင့်ချက်ကြောမှားဖြတ်ထားသလားတောင်ထင်ရသည်၊အခုထိကိုအကြည့်နည်းနည်းလေးတောင် မလွှဲသေး။
YOU ARE READING
Not First But Last
RomanceYou're not my first love but I promise to love you for the rest of my life. Note-This fiction is just my imagination.Thank you.Enjoy!!! Start date-1/7/2020 End date-18/8/2020