Chapter-46

760 63 0
                                    

Zawgyi

အရာအားလုံးကတော့ အရင်လိုပဲအဆင်ပြေပြေလည်ပတ်နေခဲ့သည်။ဆက်နှင့်ဟန်တို့တွဲနေသည့်အကြောင်းကို မိဘတွေကိုဖွင့်ပြောလိုက်တော့ နဂိုကတည်းကရင်းနှီးကျွမ်းဝင်သူတွေဖြစ်ကြတဲ့အတွက်ကြည်ကြည်ဖြူဖြူပဲလက်ခံလိုက်သည်။

လွှာတို့လည်းသူတို့အကြောင်းကိုဖွင့်ပြောလိုက်တော့ ဝတ်ရည်ရဲ့မိဘတွေကလက်ခံပေးပေမယ့် ရှေးရိုးဆန်တဲ့လွှာတို့အသိုင်းအဝိုင်းက အစပိုင်းမှကန့်ကွက်ကြတယ်။နောက်ပိုင်းမှလိင်တူချင်းကြိုက်တာ ရှက်စရာမဟုတ်တဲ့အကြောင်းသူတို့ကိုသေချာရှင်းပြပြီးတဲ့နောက်မှာတော့ သူတို့တွေကလက်ခံတာလည်းမဟုတ်ပေမယ့် အရင်လိုခါးခါးသီးသီးမဖြစ်ကြတော့ဘူး။

သူတို့တွေအားလုံးအဆင်ပြေပြေ၊ပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေပေမယ့် အဆင်မပြေတာကတော့မင်းရတုပိုင်ဆိုတဲ့ကောင်လေးတစ်ယောက်။ဟန့်မှာချစ်သူရှိတယ်ဆိုတာ သိသွားခဲ့တဲ့လွန်ခဲ့တဲ့တစ်လလောက်ကတည်းက တည်ငြိမ်တဲ့မင်းရတုပိုင်ကနဂိုထက်ကိုနှစ်ဆလောက်ပိုပြီး တည်ငြိမ်အေးစက်လာသည်။အပြုံးအရယ်ဆိုတာလည်းမတွေ့ရတော့။Barကိုအမြဲသွားလေ့ရှိပြီး အရင်ကထက်အသောက်အစားလုပ်တဲ့အချိန်ကလည်း ပိုပိုစိတ်လာသည်။

အခုညပိုင်းလည်းသူbarမှာ အချိန်ကုန်နေသည်။သူ့ဘေးနားမှာကတော့ ရှင်းခန့်ဆိုတဲ့ကောင်စုတ်လေးပေါ့။သူစိတ်အခြေအနေမကောင်းဘူးဆိုတဲ့ အချိန်ကနေစပြီး သူဘယ်သွားသွားလိုက်ကပ်နေတတ်သည်။အဲ ကျောင်းသွားတဲ့အချိန်နဲ့အိပ်တဲ့အချိန်ကလွဲရင်ပေါ့။အခုလည်းသူbarသွားမယ်ဆိုတာ ဘယ်သူပြောလိုက်လဲမသိပါဘူး သူရောက်ပြီးခဏနေတော့ ရှင်းခန့်လည်းရောက်လာပြီး သူ့ဘေးနားမှာသူ့ကိုအဖော်ပြုပေးနေတယ်။

"ရှင်း မင်းကိုလည်းပြောလို့မရတော့ဘူးလား။၁၀တန်းကအရေးကြီးတယ်နော်barလာရမယ့်အစား စာပဲသွားလုပ်သင့်တယ်"

"ရှင်းပြောထားတာမေ့သွားပြီလားကိုကို။ကိုကိုစိတ်အခြေအနေပြန်ကောင်းလာတဲ့အထိရှင်း ကိုကို့အနားမှာလိုက်တွယ်ကပ်နေမှာလို့လေ"

"ရှင်းရာ မင်းငါ့နားမှာရှိရင်ငါ့ခံစားနေရတာတွေသက်သာသွားမယ်လို့မင်းထင်နေတာလား"

Not First But LastWhere stories live. Discover now