Chapter-4

1.3K 105 1
                                    

Zawgyi

အတော်ကြာအောင် သာ့ဘက်မှဘာစကားမှပြန်မပြောလာသောကြောင့် ပိုင်ကြောက်နေမိသည်။သာ့ကိုကြည့်တော့ အတွေးလွန်နေသလိုပင်။သူ့ကိုမုန်းသွားတာတော့ မဟုတ်ဘူးမလား။စိတ်ပူလာသောကြောင့် သာ့ရဲ့လက်ကိုလှုပ်လိုက်ပြီး မေးလိုက်သည်။

"ကိုယ့်ကိုစိတ်ဆိုးသွားတာလားဟင်။ကိုယ်တောင်းပန်ပါတယ်။ကိုယ်ထပ်ပြီး ထိန်းမထားနိုင်တော့လို့ပြောလိုက်မိတာပါ။ကိုယ့်ကိုတစ်ခုခုတော့ ပြန်ပြောပါဦးကွာ"

"ငါစိတ်မဆိုးပါဘူး။နည်းနည်းကြောင်သွားလို့။ပိုင်"

"အင်း၊ပြောလေ သာ"

"ငါ့ကိုချစ်တယ်ဆိုတာသေချာလား။ငါ့လက်ကိုတွဲနိုင်တယ်လို့ရော သေချာဆုံးဖြတ်ပြီးပြီလား။ယောက်ျားနှစ်ယောက်လက်တွဲဖို့က မလွယ်ဘူးဆိုတာသိတယ်မလား"

"သိတယ်။ကိုယ်ဆုံးဖြတ်ပြီးတာမို့လို့ သာကိုယ့်ကိုယုံလို့ရပါတယ်"

"အင်း"

"အဲ့ဒီတော့သာရောကိုယ့်ကိုဘယ်လိုမြင်လဲဟင်"

ပိုင့်ပုံစံကသူ့ဆီမှအဖြေကို အရမ်းသိချင်နေသည့်ပုံပင်။တကယ်တော့သူ့မှာလည်း အဖြေတိတိကျကျရှိသည်။ပိုင့်ရဲ့အပြုအမူတွေကနေတစ်ဆင့် သူခံစားရတာတွေက သာမန်ထက်ကိုပိုသည်။အကယ်၍များ ထိုအရာတွေကအချစ်ကိုရည်ညွှန်းနေတာဆိုရင် အင်း၊သူပိုင့်ကိုချစ်သည်။

သူ့အဖြေကသေချာနေပြီမို့ အချိန်အကြာကြီးမယူချင်။ခင်ခဲ့တဲ့အချိန်အတွင်းမှာ ပိုင့်အကြောင်းသိသင့်သလောက်သိပြီးပြီမို့ တစ်ခါလောက်ပဲဖြစ်ဖြစ်မျက်စိစုံမှိတ်ပြီး ယုံချင်မိသည်။လွတ်နေသောလက်တစ်ဖက်ဖြင့် ပိုင့်ရဲ့လက်ကိုအုပ်ကိုင်လိုက်ပြီး အဖြေစကားကိုဆိုလိုက်သည်။

"ငါလည်းမင်းကိုချစ်မိနေပြီထင်တယ် ပိုင်"

"မနောက်ဘူးမလားဟင်။ကိုယ့်ကိုချစ်တယ်ဆိုတာ သေချာတယ်မလား။ကိုယ်အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား"

"အင်း၊တကယ်ချစ်တာမို့လို့ ငါ့အပေါ်သစ္စာရှိမယ်လို့မျှော်လင့်ပါတယ်။ငါကအစွဲအလမ်းကြီးတယ်နော် ပိုင်"

Not First But LastWhere stories live. Discover now