Chapter-27

1.1K 102 3
                                    

Zawgyi

ဝတ်ရည်မနက်ကတည်းက သတိထားမိသည်။ဟန်နှင့်ဆက်ကမနေ့ကနဲ့မတူပဲ နည်းနည်းကွာခြားနေတယ်ဆိုတာ။မနေ့က မိုးပြိုတော့မလိုမျက်နှာဖြစ်နေတဲ့ ခွန်းကဒီနေ့တော့ပြုံးစိစိနှင့်...သာ့အနားကနေကိုမခွာတော့။

သာဆိုတာကလည်း ဆက်ကသူ့နားကပ်လာတိုင်း ခါတိုင်းထက်ပိုပြီးမျက်နှာကြီးကနီရဲနေသောကြောင့် ဝတ်ရည် သင်္ကာမကင်းဖြစ်လာရတော့သည်။အစကတော့ မမေးဘဲထားဦးမလို့ပါ။သို့သော်သူတို့နှစ်ယောက်ရဲ့ အဖြစ်သည်းနေသောပုံကိုကြည့်ပြီး မနေနိုင်တော့သောကြောင့် မေးခွန်းထုတ်လိုက်သည်။

ဝတ်ရည်မေးချင်ရင်လည်းမေးချင်စရာပါပဲ။မနက်ကျောင်းသွားဖို့ကားပေါ်တက်ကတည်းက ခွန်းကသာ့ကိုကားတံခါးဖွင့်ပေးရတာနဲ့၊သူ့ဘာသာသူပတ်လို့ရတဲ့ခါးပတ်ကိုပတ်ပေးရတာနဲ့။ဟော...ကျောင်းရောက်တော့လည်း အိတ်ကလေးမှာစိုးလို့ သယ်ပေးသေးတယ်။အတန်းထဲရောက်တော့လည်း သူ့ကိုဂရုမစိုက်အား.....နှစ်ယောက်ခေါင်းချင်ဆိုင်ပြီး တွတ်ထိုးနေပြန်တယ်။

အခုကန်တင်းရောက်ပြန်တော့လည်း နှစ်ယောက်သား ပူးကပ်ထိုင်နေတာများမသိရင် ပေါင်ပေါ်တက်ထိုင်ကြတော့မယ့်အတိုင်းပဲ။ကြာတော့အမြင်ကတဖြည်းဖြည်းကပ်လာပြီ။ဟုတ်တယ်လေ...ဒီကရည်းစားမရှိတဲ့ကောင်မလေး ရှေ့မှာအဲ့လောက်ဖြစ်ပြနေတော့ အားတောင်ငယ်တယ်။

"ဟဲ့ နင်တို့နှစ်ယောက်roချင်ရင် ငါ့ရှေ့ကထွက်သွားကြစမ်း!!"

"ဝတ်ရည်မ တိုးတိုးပြောပါဟ....လျှောက်အာပြဲမနေနဲ့ လူကြားသူကြားထဲမှာ မရှက်ဘူးလား"

"အဲ့လိုပြောကြေးဆိုရင် နင်တို့လည်း လူကြားသူကြားထဲအဲ့လောက်roပြမနေနဲ့လေ အချစ်ငှက်နှစ်ကောင်ရဲ့"

"အဟမ်း ဘ...ဘယ်ကအချစ်ငှက်နှစ်ကောင်လဲ"

"ငါ့အရှေ့က ဟန်စေသာနဲ့ခွန်းဆက်သာဆိုတဲ့နှစ်ကောင်ပေါ့ အရူးကောင်ရဲ့"

"ဝတ်ရည်မ လျှောက်....လျှောက်မပြောနဲ့။အဲ့ဒါနင်အမြင်မှားတာ"

"အံမယ် အမြင်မှားတယ်ပဲရှိရသေးတယ် အံ့ဩပ။တစ်ယောက်ကလည်း အသေအကြေဂရုစိုက်ပြ နောက်တစ်ယောက်ကလည်း ပြုံးပြုံးကြီးနဲ့ခံယူနေတာမဟုတ်ဘူးလား"

Not First But LastWhere stories live. Discover now