Chapter-16

1.1K 107 0
                                    

Zawgyi

ညစာစားပြီးတော့ ဟန့်ကိုမနည်းဆေးချော့တိုက်ရသည်။ဟိုးအရင်ကလောက် ဂျစ်မကျလို့သာ တော်သေးသည်ဟုဆိုရမည်။ကိုးနာရီလောက်ကျတော့ ဟန်ကအိပ်ချင်ပြီဟုပြော၍ အိပ်ရာအရင်ဝင်သွားသည်။

ဆက်ကတော့ ဟန့်စာအုပ်တွေထဲ မှတ်စရာရှိတာမှတ်ပေးပြီးတော့မှ ဟန့်ဘေးနားမှာဝင်ထိုင်လိုက်သည်။ဟန့်နှဖူးကိုသပ်တင်ကာ အဖျားစမ်းလိုက်သည်။စောင်ကိုရင်ဘတ်နားအထိ သေချာခြုံပေးပြီးမှ သူလည်းအိပ်ရာသို့ဝင်ခဲ့သည်။ဟန်ရှိလို့လားတော့မသိ၊အိပ်ရသည်မှာ ခါတိုင်းထက်ပိုနွေးထွေးနေသလိုပင်။

ညနှစ်နာရီ...

တဟင်းဟင်းနှင့်ညည်းညူသံတိုးတိုးလေးကြောင့် ဆက်အလန့်တကြားနိုးလာပြီး သူ့ဘေးကိုမြန်မြန်ကြည့်လိုက်သည်။ဟန်ကသူ့ခန္ဓာကိုယ်ကိုကွေးထားကာ တစ်ကိုယ်လုံးကလည်းတုန်ယင်၍နေသည်။ဟန့်နှဖူးကိုစမ်းလိုက်တော့ ညတုန်းကထက် ပိုပူနေသောကြောင့် ကိုယ်ကိုလှုပ်၍နှိုးမိသည်။

"ဟန်၊ထဦး။မင်းကိုယ်တွေပူနေတယ်"

"ဟင်း"

"ဟန်!"

"ပြော၊ဆက်"

"ဆေးသောက်ရအောင်"

"ဟင် သောက်ပြီးသွားပြီလေ။တော်ပြီ"

"လိမ္မာတယ်လေကွာ"

"ဟင့်အင်း၊ငါ အော့"

"ဘ...ဘာဖြစ်တာလဲ။အန်ချင်လို့လား။လာ၊အိမ်သာလိုက်ပို့ပေးမယ်"

အားနည်းနေသော ဟန့်ကိုသေချာတွဲပေးရင်း အိမ်သာတံခါးကိုဖွင့်လိုက်သည်။အနောက်ကနေ ကျောကိုထုပေးပြီး ဟန်သက်သာအောင်လုပ်ပေးနေမိသည်။အန်လို့ပြီးသွားတော့မှ ပါးစပ်ကိုရေသေချာဆေးပေးကာ အိပ်ရာနားကိုပြန်ခေါ်လာသည်။စိုနေသောင်္အကျီကိုသူကိုယ်တိုင်ပဲသေချာလဲပေးလိုက်ပြီးမှ ဟန်အိပ်ပျော်အောင် သေချာချော့သိပ်ပေးလိုက်သည်။

"ချမ်းတယ်"

"ဟင် ခဏ၊ငါလုပ်ပေးမယ်"

Aircon remote ကိုယူလိုက်ကာ 25 လောက်အထိထားလိုက်ပြီး ဟန့်ကိုလည်း စောင်သေချာပြန်ခြုံပေးလိုက်သည်။ဟန့်ဆံပင်ကို ပွတ်သပ်ပေးနေရင်း သူကိုယ်တိုင်လည်း မျက်လုံးများမှေးစင်းလာသည်။

Not First But LastWhere stories live. Discover now