Zawgyi
ဟန်အိမ်ကိုပြန်လာခဲ့သည်။ကားမောင်းလာသည့်တစ်လျှောက်လုံး ကျလာသောမျက်ရည်များကြောင့် အမြင်အာရုံဝေဝါးကာ ကားကိုပင်ကောင်းကောင်းမောင်း၍မရသောကြောင့် အချို့သောသူများ၏ဆဲခြင်းကိုပင်ခံလိုက်ရသေးသည်။
သူအိမ်ရောက်တော့ မေမေနှင့်ဖေဖေတို့ကိုမတွေ့ပါ။အင်း ဒီအချိန်လောက်ဆိုသူတို့တစ်ရေးတစ်မောလောက်အိပ်တဲ့အချိန်ဖြစ်သည့်အတွက် သူဒီတိုင်းသူ့အခန်းထဲသို့သာတန်းဝင်ခဲ့သည်။
သူအခန်းထဲရောက်တော့ အိပ်ရာပေါ်တွင်လှဲလိုက်သည်။ကားပေါ်မှာလိုပဲ မျက်ရည်များကအထိန်းအကွပ်မဲ့စွားတစ်ဖန်ကျဆင်းလာခဲ့သည်။ဒါသူချစ်တဲ့လူတစ်ယောက်ကြောင့် ထပ်ကျတဲ့မျက်ရည်။သူကအချစ်ရေး ကံမကောင်းတာထင်ပါသည်.....သူချစ်မိသွားတဲ့ သူတိုင်းကသူ့ကိုမျက်ရည်ကျအောင်လုပ်နိုင်သည်။
သူအချိန်ခဏကြာအောင်ငိုပြီးနောက် အိမ်နေရင်းအင်္ကျီကိုလဲလိုက်သည်။ညနေကျရင် ဆက်လာမှမလား.....သူလာလို့ဒီပုံစံအတိုင်းတွေ့ရင် ဘယ်သွားတာလဲဆိုပြီး အမေးခံရဦးမှာ။သူအင်္ကျီလဲပြီးနောက် ဝမ်းနည်းနေတာကိုခဏတာမေ့ဖျောက်ရန်အတွက် တစ်ရေးအိပ်လိုက်သည်။
ညနေလေးနာရီခွဲလောက်မှာ ဆက် ဟန့်အိမ်သို့ရောင်လာသည်။ဟန့်အမေကိုမေးကြည့်တော့ ဟန်အပေါ်ထပ်မှာဆိုသောကြောင့် အပေါ်ထပ်ရှိဟန့်အခန်းသို့တက်သွားလိုက်သည်။
သူအခန်းထဲဝင်တော့ ဟန်ကအိပ်ရာပေါ်မှာ ကွေးကွေးလေးအိပ်နေသည်။စောင်လည်းမခြုံထားဘဲairconကိုလည်း အမြင်ဆုံးအထိထားထားသည်။
အစကတော့မနှိုးဘဲထားမလို့ လုပ်ပေမယ့် ညနေစောင်းအိပ်ရင်ဖျားမှာစိုးလို့ သူဟန့်ကိုနှိုးလိုက်သည်။
"ဟန် ထဦး"
".........."
"ဟန် ဖျားမယ်။ထလိုက်နော်"
"ဟင် အင်း"
"အိပ်ပုတ်လေး ထတော့။အချိန်တိုင်းကိုအိပ်နေတာပဲ"
"အင်း မင်းဘာလာလုပ်တာလဲ"
"ဟန်ကလည်းနော် မေ့တတ်လိုက်တာ။ငါဒီနေ့အိမ်ပြန်ဖို့ အဝတ်တွေလာယူတာလေ ခွေးပေါက်လေးရဲ့"
YOU ARE READING
Not First But Last
RomanceYou're not my first love but I promise to love you for the rest of my life. Note-This fiction is just my imagination.Thank you.Enjoy!!! Start date-1/7/2020 End date-18/8/2020