Zawgyi
Clubတွင်......
"ဟေ့ရောင် ငပိုင် မင်းကလည်းနောက်ကျလိုက်တာ"
"အေးကွာ လမ်းတွေပိတ်နေလို့"
"နေပါဦး မင်းကငါတို့ကိုတွေ့ဖို့ဘာလို့ခေါ်တာလဲ"
"အေးလေကွာ barဆိုငါတို့အတင်းခေါ်မှလာတဲ့ကောင်က ဘယ်လိုဖြစ်လို့ငါတို့ကိုအရင်စခေါ်တာလဲ"
"ဒီလိုပဲကွာ.....စိတ်အခြေအနေသိပ်မကောင်းလို့"
"ဘာလဲ ဒီတစ်ခေါက်လည်းဟန်စေသာပဲလား"
ပိုင့်သူငယ်ချင်းများက သူခံစားရတာကိုသိသည့်အလား သူ့ကိုမေးသည်။ငယ်ပေါင်းကြီးဖော်တွေဖြစ်သည့်အတွက် သူ့အကြောင်းရော၊ကိုယ့်အကြောင်းပါ တစ်ယောက်မှမထိန်ချန်ပဲ ရင်ဖွင့်၍ရသည်။
"အင်း"
"မင်းကလည်းကွာ သူ့ကိုမေ့လိုက်ပါတော့။သူကမင်းကိုပစ်ပစ်ခါခါကိုငြင်းထားတာလေ"
"အေးလေကွာ။ပြီးတော့ မင်းနားမှာမင်းကိုကြိုက်တဲ့မိန်းကလေးတွေရော၊ယောက်ျားလေးတွေပါရှိတာ။သူတို့တွေထဲကတစ်ယောက်ယောက်ကိုစိတ်ပျေလက်ပျောက်တွဲလိုက်ပါလား။ကြာရင် သူ့ကိုမေ့ရင်မေ့သွားမှာပေါ့"
"ဒါပေမယ့် ငါကသူ့ကိုပဲချစ်တာလေ"
"ဟူး မင်းနဲ့လည်းပြောရခက်တယ်ကွာ"
"ဟေ့ရောင် ငါတို့သွားကရအောင်"
"အေး ငပိုင်မင်းလည်းလာကလေ"
"တော်ပါကွာ မင်းတို့ပဲသွားကြ။ငါကချင်စိတ်မရှိဘူး"
"အင်းပြီးရော ဒါဆိုငါတို့သွားကလိုက်ဦးမယ်"
သူ့သူငယ်ချင်းနှစ်ယောက်က သူ့ကိုထားခဲ့ပြီး dancing floorမှာသွားကလေသည်။သူလည်းသောက်လက်စခွက်ကိုသာဆက်သောက်နေလိုက်သည်။သူသောက်သာသောက်နေတာ သူ့စိတ်ကတော့ ဟန်စေသာဆိုသောကောင်လေးတစ်ယောက်ဆီမှာသာ။ထို့ကြောင့်သူသူ့ကိုကြည့်နေသော မျက်ဝန်းတစ်စုံကိုသတိမထားမိပေ။
သူ့စိတ်တွေဟန်စေသာဆီမှာရောက်နေတုန်း သူ့ဘေးနားကိုမိန်းကလေးတစ်ယောက်လာထိုင်တယ်။သူကြည့်လိုက်တော့ မြရိပ်နွယ်ဖြစ်နေသည်။
YOU ARE READING
Not First But Last
RomanceYou're not my first love but I promise to love you for the rest of my life. Note-This fiction is just my imagination.Thank you.Enjoy!!! Start date-1/7/2020 End date-18/8/2020