Zawgyi
နောက်တစ်နေ့တွင် ကျောင်းကိုဝတ်ရည်ကအရင်ရောက်နေသည်။အစကတော့ ခွန်းတို့နဲ့အတူသွားမလို့ပေမယ့် လွှာကလာခေါ်တာကြောင့် သူမနှင့်အတူသွားလိုက်ခြင်းဖြစ်သည်။သူမတို့နှစ်ယောက်ရောက်ပြီး နာရီဝက်လောက်နေတော့ ဆက်နဲ့ဟန်ကရောက်လာသည်။
သူတို့နှစ်ယောက်က အပြစ်လုပ်ထားသူတွေမို့လို့ အခန်းထဲရောက်ရောက်ချင်း ဝတ်ရည်ကိုသွားလေးတွေပေါ်အောင်အထိ ပြုံးပြကြသည်။ဝတ်ရည်ကတော့ ထိုနှစ်ယောက်ကို မျက်စောင်းတွေကြီးပိတ်ထိုးပစ်လိုက်သည်။
"ဟဲဟဲ ဝတ်ရည်လေး နေကောင်းလား"
"ဝတ်ရည်ကလည်း ဘာတွေအလိုမကျဖြစ်နေတာလဲ"
"ငါမပြောချင်ဘူးနော်။အခုမှနှစ်ယောက်လုံးမသိချင်ယောင်ဆောင်မနေနဲ့"
"ဟင်ငါတို့ကဘာလုပ်မိလို့လဲ။ဆက် ငါတို့တစ်ခုခုလုပ်မိလား"
"ဟင့်အင်း မလုပ်မိပါဘူး"
"အဟင်းဟင်း အတိုင်အဖောက်ညီတယ်နော်။မနေ့ကနေကောင်းရဲ့သားနဲ့ ကျောင်းမလာတာဘာအချိုးချိုးသွားတာလဲ"
ဝတ်ရည်ကထိုသို့ပြောသောအခါ ဆက်ကပျာပျာသလဲရှင်းပြသည်။
"ဝတ်ရည် အဲ့ဒါငါမဟုတ်ဘူး။ဟန်နော်။သူကပျင်းလို့မသွားချင်ဘူးဆိုပြီး ငါ့ကိုအဖော်လာစပ်လို့ ငါလည်းသူ့ကိုသနားပြီးမသွားတော့တာ"
"ဆက်!!မင်းကအခုတော့ ငါ့ကိုအပြစ်တင်ပြီပေါ့။မင်းဘာသာမင်းမသွားဘူးလို့ပြောတာလေ"
"အယ် မင်းကလာချွဲနေတာကို။ငါအစတည်းကပြောတယ်လေ ဝတ်ရည်ဆဲပါလိမ့်မယ်ဆိုတာကို"
"ငါချွဲတာကို မင်းဘာသာမင်း အရည်ပျော်သွားတာတော့ မတတ်နိုင်ဘူးလေ"
"မင်းကငါ့ပျော့ကွက်ကိုသိနေတာကို။အစတည်းကလာမချွဲနဲ့လေ"
"အေးအေး ရတယ်။ဒီနေ့ငါ့အိမ်မှာလာမအိပ်နဲ့။ငါ့ကိုလည်း စကားတစ်နေ့လုံးလာမပြောနဲ့။ဟန်ဆိုပြီး လာခေါ်လို့ကတော့ ပိတ်ရိုက်ပစ်မှာ"
ဝတ်ရည် သူ့အရှေ့ကနှစ်ယောက်ကိုကြည့်ပြီး စိတ်ရှုပ်လာရသည်။အခုကသူစိတ်ဆိုးနေတာလား၊သူတို့နှစ်ယောက် စကားနိုင်လုနေတာလားမသဲကွဲတော့။ဘေးကလွှာကတော့ နားငြီးလွန်းလို့ လက်နှစ်ဖက်နှင့် နားသာပိတ်ထားလိုက်သည်။
YOU ARE READING
Not First But Last
RomanceYou're not my first love but I promise to love you for the rest of my life. Note-This fiction is just my imagination.Thank you.Enjoy!!! Start date-1/7/2020 End date-18/8/2020