Chapter-25

1.2K 113 5
                                    

Zawgyi

မင်းရတုပိုင် ဟန်နှင့်ဖုန်းပြောပြီးနောက် ဟန်ကအရင်ဖုန်းချသွားသောကြောင့် သူဖုန်းကိုကြည့်ရင်းပြုံးလိုက်သည်။

"ကိုကို့ရဲ့သာလေးကပြောင်းလဲသွားပြီပဲ။အရင်ကဆို ကိုကိုဖုန်းချတဲ့အထိစောင့်နေခဲ့တဲ့သူက အခုတော့ကိုကို့ထက်အရင်ဖုန်းချသွားတာပဲ။စိတ်ချပါ.....သာ ကိုကို့ကိုပြန်ချစ်လာစေရမယ်"

သူ သာ့ကိုပြန်လိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။နောက်ဆုံးတော့ သူသူ့စိတ်သူသိသွားခဲ့ပြီ။သူတကယ်ချစ်တာ ဟန်စေသာဆိုတာကိုပေါ့။မြရိပ်နွယ်ကတော့....အင်း.....ခဏစိတ်ကစားခဲ့တာ။

သူ သာနဲ့ပြတ်ပြီး ၃လလောက်ထိအဆင်ပြေပြေရှိနေပါသေးတယ်။တခါတလေ သတိရမိတာကလွဲလို့ပေါ့။ရိပ်ကလည်းသူ့အပေါ်အရမ်းကောင်းပေးတယ်။သူ့ကိုအနွံတာအရမ်းခံပေးတယ်။

ဒါပေမယ့် သူတဖြည်းဖြည်းနဲ့ရိပ်နဲ့တွဲရတာကို ငြီးငွေ့လာတယ်။သာ့ရဲ့ကလေးဆန်ဆန်ဆိုးတတ်တာလေးတွေကို သတိရတယ်။အဲ့အချိန်လေးတွေကိုလည်းပြန်လိုချင်တယ်။

တကယ်တော့ သူမှားတာပါ။မိန်းမတစ်ယောက်အပေါ်ခဏတာ စိတ်ကစားမှုကိုအချစ်လို့ထင်ခဲ့မိတယ်။သာနဲ့ခွန်းဆက်သာကိုအတူတူတွေ့တိုင်း ဘေးမှာရှိနေတဲ့မြရိပ်နွယ်ကိုတောင်မေ့ရလောက်တဲ့အထိသူ့ရင်ထဲတဆစ်ဆစ်နာကျင်ရတယ်။ခွန်းဆက်သာကြောင့်ဖြစ်ပေါ်လာတဲ့ သာ့ရဲ့အပြုံးကိုမြင်ရတိုင်း သူမနာလိုဖြစ်မိတယ်။သာ့ကိုပြုံးအောင် သူပဲလုပ်ပေးချင်မိတယ်။

အမှန်တော့ သူဒီနေ့သာနဲ့စကားပြောခွင့်ရမလားဆိုပြီး သာ့အနောက်တမင်လိုက်လာခဲ့တာ။သာချော်လဲတာကိုသူတွေ့တော့ ခွန်းဆက်သာထက်ဦးအောင် သူအရင်သာ့ဆီကိုမြန်မြန်ပြေးသွားခဲ့သည်။ထိုအချိန်ကဆိုရင် သာ သူ့ရင်ခွင်ထဲရောက်နေတာကိုကြည့်ပြီး ရင်တွေအဆမတန်ခုန်လာတယ်။သာကတော့ သတိထားမိလားမထားမိလားမသိ.....သူကျွန်တော့်ကိုကြောင်ကြည့်နေခဲ့တယ်။

ကျွန်တော်သူ့မျက်လုံးကိုစိုက်ကြည့်နေပေမယ့် သူအကြည့်မလွှဲသွားဘူး။အရင်ကဆို ကျွန်တော်နဲ့၃စက္ကန့်ထက်ပိုပြီး အကြည့်ဆုံလို့မရတဲ့သာက သူ့ကိုအကြာကြီးစိုက်ကြည့်နေခဲ့သည်။ပြီးတော့ သာ ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေမှာ အချစ်တွေမပါတော့တာကို ခံစားနေရတယ်။သာနဲ့ကတစ်နှစ်တောင်တွဲခဲ့တာလေ။သူ့အကြည့်တွေကဒီတိုင်းလန့်သွားလို့ကြည့်တဲ့အကြည့်မျိုး။

Not First But LastWhere stories live. Discover now