Chapter-15

1.1K 104 1
                                    

Zawgyi

ထိုနေ့မှစ၍ ဟန်သူနှင့်မတွေ့ဖြစ်တော့။ဟန့်ဘက်ကလည်း စကားစမပြောတော့သလို ပိုင့်ဘက်ကလည်း သူ့ကိုနည်းနည်းလေးတောင် မဆက်သွယ်ခဲ့။သူနှင့်ပိုင်တဖြည်းဖြည်းဝေးကွာလာတာသိသော်လည်း ဆွဲထားဖို့အားမရှိတော့။

Flashback ends...

ဒီနေ့...ပိုင့်ဘက်ကသူ့ကိုစဆက်သွယ်ခဲ့တော့ သူဘယ်လောက်တောင်ပျော်ခဲ့ရလဲ။ဒါပေမယ့် ဆက်သွယ်ရတဲ့အကြောင်းအရင်းက သူနဲ့လမ်းခွဲဖို့တဲ့လား။ပိုင်ကသူ့ကိုကျော်ပြီး မြရိပ်နွယ်ကိုရွေးမယ်လို့မထင်ထားခဲ့တာတော့အမှန်ပင်။

ပိုင်ပြောသလိုပဲ သူ့ကိုယ်သူအထင်ကြီးခဲ့မိသည် နှင့်တူသည်။သူ့အပိုင်လို့သတ်မှတ်ထားတဲ့ ကိုကိုက တခြားတစ်ယောက်ကို သူ့ထက်ပိုအရေးပေးတာက သူ့ကိုအရမ်းနာကျင်စေတာပဲ။ပိုင်ဘာလို့ အဲ့လိုလုပ်ခဲ့လဲနားမလည်နိုင်။နားလည်ဖို့လည်း မကြိုးစားချင်တော့၊သူသိပ်ကိုပင်ပန်းနေပြိ။

ကျဆင်းနေသောမိုးစက်တိုကိုလက်နှင့်ခံယူရင်း သဘောတကျပြုံးမိသည်။ထို့နောက် ကားတံခါးကိုဖွင့်ကာ လမ်းမထက်တွင် အရူးတစ်ယောက်လိုလမ်းလျှောက်နေမိသည်။အချိန်တော်တော်ကြာပြီးမှ ကားထဲကိုပြန်ဝင်လာခဲ့သည်။

အိမ်ပြန်ဖို့စဉ်းစားလိုက်တော့ ပထမဆုံးခေါင်းထဲဝင်လာသည်က သူ့မေမေ။မေမေသာသူ့ရဲ့ဒီပုံစံကိုတွေ့ရင် သေချာပေါက်စိုးရိမ်နေတော့မှာ။သူအိမ်ကိုလည်းမပြန်ချင်တော့သောကြောင့် ဆက်အိမ်မှာတစ်ညလောက်နေမည်ဟုစဉ်းစားလိုက်ပြီး သူ့ကိုဖုန်းဆက်လိုက်သည်။

"ဟယ်လို ဟန်"

"အင်း၊ဆက်။မင်းကျောင်းမှာပဲလား"

"ဟုတ်တယ်။မင်းရောကျောင်းမလာဘူးလား"

"စိတ်ညစ်စရာကိစ္စလေးနည်းနည်းရှိလို့ ဒီနေတော့မလာတော့ဘူး။ငါမင်းကိုတောင်းဆိုစရာရှိလို့"

"ဟင် ထူးထူးဆန်းဆန်းပါလား။ဘာများလဲ"

"ငါမင်းအိမ်မှာဒီညလာအိပ်လို့ရလား"

"ရတာပေါ့။ငါကအဖော်တောင်ရသေးတာကို"

"ကျေးဇူးကွာ။ဒါဆိုငါဖုန်းချလိုက်တော့မယ်နော်"

Not First But LastWhere stories live. Discover now