Chapter-33

914 74 3
                                    

Zawgyi

မနက်(၆)နာရီ......

"ဝါး"

ဟန်စေသာတစ်ယောက်အိပ်ရာမှ နိုးလာခဲ့သည်။သူအပျင်းကြောဆန့်လိုက်ရင်း သူ့ကိုခပ်တင်းတင်းဖက်ထားသော လက်တစ်စုံကြောင့် နှစ်လိုဖွယ်ကောင်းအောင်ပြုံးလိုက်သည်။သူကိုယ်တိုင်ကလည်း မထချင်သေးသည့်အတွက် ဆက်ရဲ့ရင်ခွင်ထဲပိုလို့ပင်တိုးဝင်လိုက်သည်။ထို့နောက် ဆက်ရင်ဘတ်ကိုမျက်နှာအပ်ကာ ဆက်၏ကိုယ်သင်းနံ့လေးကိုပင် ခိုး၍ရှူရှိုက်လိုက်သေးသည်။

*တစ်နေ့တစ်နေ့ မင်းကိုပိုပိုပြီး စွဲလမ်းလာလို့ဘယ်လိုလုပ်ရမလဲ။ငါတော့ ရောဂါတော်တောကျွမ်းနေပြီထင်တယ်။မင်းမရှိရင်မဖြစ်လောက်တော့ဘူး။ငါ့နားမှာရှိနေပေးနော် အမြဲတမ်း။သေချာတဲ့တစ်နေ့ ငါ့ဘက်ကစပြီးပြောမှာမို့လို့ အဲ့နေ့မတိုင်ခင် တခြားတစ်ယောက်ကိုစိတ်ယိုင်သွားလို့မဖြစ်ဘူးနော်။*

ထို့နောက်ဟန်စေသာကတစ်ဖန်ပြန်အိပ်ပျော်သွားသည်။ဟန်စေသာအိပ်ပျော်ပြီး နာရီဝက်လောက်နေတော့ ခွန်းဆက်သာကအိပ်ရာကနေထလာသည်။

အိပ်နေရင်းနှင့်တောင် သူ့ရင်ခွင်ထဲအတင်းတိုးဝင်နေသောဟန့်ကိုသူအသည်းယားစွာ ညှစ်လိုက်တော့'အင့်'ဟူသောအသံသေးသေးလေးထွက်ကာ မျက်မှောင်လေးကြုတ်ပြီး နှုတ်ခမ်းလေးကလည်းဆူသွားသေးသည်။

အခုသူတို့အခြေအနေကဘာလည်းဆိုတာ သူကိုယ်တိုင်လည်းမသိဘူး။သူငယ်ချင်းလား....ချစ်သူတွေလားဆိုတာ။ဟန်လည်းသူ့ကိုအပြည့်အဝမချစ်ရင်တောင် နည်းနည်းလောက်တော့စိတ်ရှိနေတာကို သူခံစားမိပါသည်။

အင်း.....ချစ်တယ်လို့မပြောပေမယ့် သူ့အပြုအမူလေးတွေကနေခံစားမိတယ်လေ။သူစောင့်မှာပါ ၁၀နှစ်တောင်စောင့်လာရတာကို ဒီလောက်လေးထပ်စောင့်ရတာလောက်ကသူ့အတွက်အပန်းမကြီးပါဘူး။

သူ ဟန့်ရဲ့ခေါင်းလုံးလုံးလေးထဲကို သူ့နှာခေါင်းနစ်ဝင်အောင်နမ်းလိုက်သည်။ထို့နောက် ဟန့်ခေါင်းအောက်ကသူ့လက်မောင်းကိုဖြည်းဖြည်းချင်းဖယ်ပြီး ဟန့်ခေါင်းလေးကိုတော့ ခေါင်းအုံးပေါ်မှာ ဖြည်းဖြည်းလေးပြန်ချပေးလိုက်သည်။ပြီးနောက် မျက်နှာသစ်ရန်နှင့်ရေချိုးရန်အတွက် ရေချိုးခန်းထဲဝင်သွားတော့သည်။

Not First But LastWhere stories live. Discover now