Chapter-45

715 61 0
                                    

Zawgyi

သာ ဖုန်းချသွားသည်အထိပိုင့်မှာ ဖုန်းနှင့်နားကိုမခွာနိုင်လောက်အောင် စိတ်နှင့်လူနှင့်မကပ်ဖြစ်နေသည်။အသိစိတ်ဝင်လာချိန်တွင် သူ့မျက်နှာကိုကိုင်ကြည့်လိုက်တော့ မျက်ရည်တွေကမျက်နှာတစ်ခုလုံးရွှဲနေသည်။

ယောက်ျားဖြစ်ပြီး ပျော့ညံ့တယ်ပဲပြောပြော သူလည်းလူသားထဲကလူသားတစ်ယောက်ပဲလေ။နာကျင်စရာတွေနဲ့ ကြုံတွေ့လာရင်တော့ မျက်ရည်ကျမှာပဲမဟုတ်လား။

သူအိပ်ရာပေါ်မှာလှဲလိုက်ပြီးတော့galleryထဲဝင်လိုက်တာ လွန်ခဲ့သောတစ်နှစ်ကျော်ကသူနဲ့သာ့ရဲ့အမှတ်တရများကိုပြန်ကြည့်နေသည်။ဟုတ်ပါသည်.....သူထိုအမှတ်တရများကိုမဖျက်ပစ်ခဲ့ပါ။သူ သာနဲ့ဖြတ်ခဲ့ပေမယ့် ထိုအမှတ်တရများကိုဖြတ်နိုင်စွမ်းသူ့မှာမရှိခဲ့ပါ။သူအဲ့ဒီကတည်းကသူချစ်တာဘယ်သူလဲဆိုတာသာသိခဲ့ရင် သာကသူ့အပိုင်ဖြစ်နေမှာ။သူနဲ့သာကပျော်ရွှင်တဲ့relationshipတစ်ခုကိုတည်ဆောက်နိုင်ဦးမှာ။

သူနဲ့သာချစ်သူဖြစ်ခဲ့တဲ့ပထမနေ့ကတည်းကရိုက်ခဲ့တဲ့ပုံတစ်ပုံချင်းစီကို သူသေချာပြန်ကြည့်နေသည်။သူတို့၁လပြည့်တုန်းက သူ သာ့နှဖူးကိုနမ်းထားတဲ့ပုံလေးကိုကြည့်ကာသူမျက်ရည်ဝဲမိသည်။အဲ့တုန်းက သာ့ရဲ့အဲ့လိုအပြုံးတွေကသူတစ်ယောက်တည်းအပေါ်မှာပဲဖြစ်တည်ခဲ့တာ။အခုတော့....အင်း အခုတော့သာ့အပြုံးတွေကသူမဟုတ်တဲ့ သူစိမ်းတစ်ယောက်အတွက်။

နောက်တစ်ပုံကသူကသာ့ကိုကျောပိုးထားသည့်ပုံ တစ်နည်းအားဖြင့်ပြောရလျှင်သူတို့နှစ်ယောက်အကြည့်ချင်းဆုံနေသည့်ပုံ။ထိုအချိန်တွေကကြည်နူးစရာကောင်းလွန်းလှသည်။နောက်ထပ်တစ်ပုံကတော့ သာ့ရဲ့မွေးနေ့တုန်းကပေါ့။သာကသူ့လည်ပင်းကိုသိုင်းဖက်ပြီးသူကလည်းသာ့ရဲ့ခါးကိုဖက်ထားပြီးနှစ်ယောက်သားနမ်းနေသည့်ပုံ။သူထိုပုံတို့ကိုကြည့်ပြီး ပြုံးမိသလိုရင်ထဲကလည်းတဆစ်ဆစ်နာကျင်ရသည်။

"ဟူး အားလုံးကိုကို့အမှားတွေပါကွာ။ကိုကိုသာ သာ့ကိုမပစ်ပယ်ခဲ့ရင်၊သာ့နေရာမှာဝင်ခံစားပေးခဲ့ရင်၊မြရိပ်နွယ်ကိုခပ်တန်းတန်းပဲဆက်ဆံခဲ့ရင် ကိုကိုနဲ့သာကတူတူရှိနေဦးမှာ သာရဲ့။တောက် အားလုံးငါ့အမှားတွေကွာ!!!"

Not First But LastWhere stories live. Discover now