Chapter-43

767 67 0
                                    

Zawgyi

သူတို့ဘားအံကိုရောက်ရောက်ချင်းနေ့မှာတော့ ဘာမှမလုပ်ဖြစ်ကြဘူး။ခရီးပန်းလာသည့်အတွက်hotelမှာပဲ ပြည့်ပြည့်ဝဝအနားယူကြသည်။ညနေကျတော့ သူတို့hotelနဲ့နီးတဲ့စားသောက်ဆိုင်မှာညစာစားပြီး ပထမတစ်ရက်ကိုတော့ ရိုးရှင်းစွာပဲကုန်ဆုံးခဲ့ကြသည်။

နောက်တစ်နေ့ မနက်(၆)နာရီမှာတော့ အားလုံးထဲတွင်ဆက်ကဦးစွာနိုးလာခဲ့သည်။သူနိုးနိုးလာချင်း ဟန့်ကိုနှိုးပြီးနောက် သူ့ဘေးအခန်းကနှစ်ယောက်ကိုတံခါးသွားခေါက်ပြီးနှိုးရသည်။သူ့အခန်းထဲပြန်ဝင်လာတော့ ဟန်ကအိပ်ရာပေါ်မှာ တပင်လင်ခွေထိုင်ကာ အိပ်ငိုက်နေသည်။သူဟန့်ဘေးနားမှာသွားထိုင်လိုက်သည်။

"ဟန် ငါတို့အပြင်သွားရဦးမယ်လေ"

"ဟန် ထတော့လို့"

"အင်း မထချင်သေးဘူး"

ထိုသို့ပြောကာ ဟန်ကသူ့ရင်ခွင်ထဲကိုဝင်လာသည်။

"အာ အချွဲလေးပဲကွာ ချွဲချင်ရင်နောက်မှချွဲလေနော်။တောင်တက်တာကနေအရမ်းမြင့်ရင် တောင်ပေါ်မှာအရမ်းပူတယ် ဟန်ရဲ့"

"အင်း ထမယ်နော်။မင်းရေချိုးပြီးအဝတ်အစားလဲပြီးသွားရင် ငါ့ကိုနှိုးလိုက် ငါခဏပြန်အိပ်လိုက်ဦးမယ်နော်"

"အေးပါကွာ မင်းကိုလည်းမနိုင်ဘူး။ငါရေချိုးပြီးရင်တော့ ထတော့နော်"

"အင်း အင်း"

ဆက်လည်း ရေချိုးခန်းထဲဝင်သွားတော့သည်။၁၅မိနစ်လောက်ရေချိုးပြီးတော့ ဆက်သဘက်ပတ်ကာရေချိုးခန်းထဲမှထွက်လာပြီးနောက် ဟန့်ကိုနှိုးရသည်။ဟန်ကမထချင်ထချင်နှင့် ဆူပုတ်ပုတ်လုပ်ကာရေချိုးခန်းထဲဝင်သွားလေရဲ့။

သူတို့လေးယောက်လုံးပြင်ဆင်ပြီးတော့ ၇နာရီနီးပါးလောက်ဖြစ်နေပြီမို့ သူတို့လေးယောက်လုံးမနက်စာမြန်မြန်စားပြီးတောင်တက်ရန်ထွက်ခဲ့သည်။

သူတို့ရဲ့hotelနှင့်ကြာအင်းတောင်ကအနည်းငယ်လှမ်းတာကြောင့် မိနစ်တော်တော်ကြာအောင်တော့သွားလိုက်ရသည်။သူတို့၏စမှတ်နေရာသည်တောင်ခြေကဖြစ်သည်။အများစုကတော့လှေကားနေရာမှစ၍တက်ကြသော်လည်း သူတို့ကတော့တောင်ခြေကနေစ၍တက်ချင်သည့်အတွက် ကားရပ်နားသည့်နေရာမှာကားကိုရပ်ပြီးတောင်တက်ကြသည်။တောင်ကတော်တော်လေးကိုမတ်သည့်အတွက် တစ်ချိုးတည်းတက်ရန်ကခက်ခဲလှသည်။

Not First But LastWhere stories live. Discover now