Chapter-7

1.1K 93 3
                                    

Zawgyi

ဟန်နှင့်ဖုန်းပြောပြီးတော့ နာရီကိုတစ်ချက်ကြည့်လိုက်သည်။အိပ်ကလည်းမအိပ်ချင်သေးသောကြောင့် ကုတင်ပေါ်မှာခပ်လျှောလျှောထိုင်ရင်း ဖုန်းဆက်သုံးနေလိုက်သည်။ထိုစဉ် ဖုန်းမှအသံမြည်လာသောကြောင့်ကြည့်လိုက်တော့ နေ့လယ်က ဟန်မိတ်ဆက်ပေးသည့်ကောင်မလေးဖြစ်နေသည်။

သံသယကင်းစွာနှင့်ပင် ချက်ချင်းလက်ခံလိုက်ပြီး ဖုန်းဆက်သုံးနေလိုက်သည်။ငါးမိနစ်လောက်ကြာတော့ ထိုကောင်မလေးက သူ့ကိုစာပို့လာသောကြောင့် မျက်လုံးကိုလက်ညိုးနှင့်လက်မတို့ဖြင့် နှိပ်နယ်လိုက်ပြီး ဝင်ကြည့်လိုက်သည်။

'Hi ပိုင်၊တို့ကိုမှတ်မိလား'

'အင်း၊နေ့လယ်က သာမိတ်ဆက်ပေးတဲ့တစ်ယောက်မလား'

'တကယ်မှတ်မိသားပဲ။ဝမ်းသာလိုက်တာ'

'ဒါနဲ့ဘာပြောစရာရှိလို့လဲ'

'ပိုင်ကလည်းကွာ၊ပြောစရာရှိမှ ပြောရမှာလား။တို့ကိုသူငယ်ချင်းလို့တောင် မသတ်မှတ်ဘူးလား'

'ကျွန်တော်ပြောတာ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး'

'ထားပါတော့။တို့ ပိုင့်ကိုသတိရလို့'

'ဗျာ'

'ဟက် စတာပါ။မေးစရာရှိလို့'

'အင်း၊မေးလေ'

'ပိုင်ကဟန်စေသာ့ကို တကယ်ချစ်တာလား'

'အင်း၊ဘာလို့မေးတာလဲ'

'ဪ ဘာမှမဟုတ်တော့ဘူး။ဒီတိုင်းပဲ'

'ပြောစရာမရှိတော့ရင် ကျွန်တော်အိပ်တော့မယ်'

'ဟုတ်ပြီ။ကောင်းကောင်းအိပ်နော်။အိပ်မက်ထဲမှာ တို့ကိုထည့်မက်ဦး'

ထိုကောင်မလေးက တကယ်ကိုထူးဆန်းသည်။နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းသား။မင်းရတုပိုင် ဟက်ခနဲရယ်လိုက်ပြီး ဖုန်းကိုပိတ်ကာ စားပွဲပေါ်တင်လိုက်သည်။သူဆက်ပြီးအတွေးလွန်နေလို့ မဖြစ်တော့ပေ။

♤♤♤♤♤♤♤♤♤♤

မြရိပ်နွယ်နှင့်ဟန်တို့ခင်တာ အခုဆိုနှစ်ပတ်ကျော်ကျော်လောက်ပင် ရှိနေပြီဖြစ်သည်။သူငယ်ချင်းဟုဆိုသော်လည်း အရမ်းကြီးတော့မခင်။မြရိပ်နွယ်က ပိုင့်အနားဆိုရင်တော့ အရမ်းကိုကပ်သည်။တစ်ခါတလေ သူ့အပြုအမူတွေကိုမကြိုက်ပေမယ့် ပြောတော့မပြောဖြစ်။သူများအမြင်မှာ သူကသဘောထားသေးသိမ်သည်ဟု အထင်မခံချင်ပေ။

Not First But LastWhere stories live. Discover now