Chapter-44

726 62 0
                                    

Zawgyi

"ကိုကိုကလည်းကြာလိုက်တာ။ရှင်းတောင်အများကြီးတွက်ပြီးနေပြီ"

"Sorryနော် ရှင်း"

"ရပါတယ် ကိုကိုရဲ့။ရော့တစ်ရှူး"

"ဟင်"

"အာ ကိုကိုငိုထားတယ်မလား သုတ်လို့ရအောင်"

"အင်း ကျေးဇူး"

ပိုင် ရှင်းခန့်ပေးသောတစ်ရှူးနှင့်မျက်ရည်များကိုသုတ်လိုက်သည်။

"ကိုကို"

"အင်း"

"ကိုကိုကသူ့ကိုအရမ်းချစ်တာလားဟင် အာ ကျွန်တော်ပြောချင်တာကခုနကကိုကိုကြည့်နေတဲ့ပုံကိုတွေ့လိုက်လို့။အဲ့ဒါကိုကိုတို့အကြောင်းပြောပြလို့ရမလား"

"မင်းကကလေးပဲရှိပါသေးတယ်ရှင်းရာ စာကိုပဲအာရုံစိုက်"

"ဟာ ကိုကိုကလည်း....ရှင်းက၁၅နှစ်တောင်ရှိနေပြီ။ကလေးမဟုတ်တော့ဘူး"

"အင်း....ကိုကိုပြောပြမယ်။သူ့နာမည်ကဟန်စေသာတဲ့။ ကိုကို့ရဲ့ရည်းစားဟောင်းပေါ့။သူနဲ့ကိုကို့ရဲ့အချစ်ရေးကအရမ်းကို ဖြောင့်ဖြူးခဲ့တာ မိဘတွေကအစလက်ခံပေးခဲ့ကြတယ် ကိုကိုတို့ရဲ့ဆက်ဆံရေးကို"

"ဟင် အဲ့ဒါဆိုဘာလို့ကိုကိုတို့ကလမ်းခွဲလိုက်တာလဲ"

"ပြောရမယ်ဆိုရင် ကိုကို့ရဲ့အမှားပေါ့။ကိုကိုအရမ်းမှားခဲ့တာ။သာကကိုကို့ကိုသူ့သူငယ်ချင်းဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးတယ်။အဲ့ကောင်မလေးကတော်တော်လှတယ် ကိုကိုတို့ခင်တာမကြာသေးဘူး သူကကိုကို့အပေါ်စိတ်ဝင်စားတဲ့အရိပ်အယောင်တွေပြတယ်။ယောက်ျားလေးသဘာဝ ချောတဲ့မိန်းကလေးအပေါ်ကိုစိတ်ယိုင်သွားတာပေါ့ကွာ။အဲ့ဒါနဲ့ကိုကို သာ့ကိုဖြတ်ပြီးသူနဲ့တွဲလိုက်မိတယ်။နောက်မှကိုကိုသိလိုက်ရတာက ကိုကိုချစ်တာဟန်စေသာဆိုတဲ့ကောင်လေးကိုပဲ။ဒါပေမယ့် ကိုကိုနောက်ကျသွားခဲ့ပြီ။အဟက် သူကသူ့သူငယ်ချင်းနဲ့တွဲနေပြီတဲ့လေ။ကိုကိုမယုံနိုင်ဘူး ကိုကိုသူ့ကိုတစ်နေ့ပြန်ပိုင်ဆိုင်ရမယ်လို့အပိုင်တွက်ထားခဲ့တာ။နောက်ဆုံးတော့ သူကကိုကို့အပေါ်ပြတ်သားနိုင်ခဲ့ပြီပဲ ဟားဟား"

Not First But LastWhere stories live. Discover now