Chapter-19

1.1K 103 0
                                    

Zawgyi

အကုန်စားသောက်၍ပြီးသွားတော့ ဆက်ကပိုက်ဆံရှင်း၍ နှစ်ယောက်စလုံး ဆိုင်ထဲမှ ထွက်လာကြသည်။Centre အပြည့် ဟိုနေရာသွားလိုက်၊ဒီနေရာသွားလိုက် လုပ်နေသောဟန့်ကြောင့် ဆက်ခေါင်းမူးလာရသည်။တစ်နေရာအရောက် ဟန့်ခြေလှမ်းများက ရပ်တန့်သွားပြီး တစ်ဖက်ကို စူးစိုက်ကြည့်နေသောကြောင့် ဆက်လည်း ထိုဘက်ကို ကြည့်လိုက်မိသည်။

"ဟင်"

မင်းရတုပိုင်က မြရိပ်နွယ်အရှေ့မှာ ဒူးတစ်ဖက်ထောက်ထိုင်နေပြီး လက်တစ်ဖက်က သူ(မ)ခြေထောက်ကို ယုယုယယ ကိုင်၍ ဖိနပ်ကို သေချာဝတ်ပေးနေသည်။ကြည့်နေရင်းနှင့် တစ်ကိုယ်လုံးတုန်ရင်လာသောကြောင့် အံကိုကြိတ်၍ တစ်ဖက်ကိုလှည့်လိုက်သည်။ကြည့်ရတာ သူ့အတွက် အခွင့်အရေးမရှိတော့တဲ့ပုံပဲ။

"ဟန်၊ပြန်မလား"

"အင်း၊မြန်မြန်ပြန်ကြရအောင်။ငါဒီနေရာမှာမနေချင်တော့ဘူး။လေကောင်းလေသန့်ရတဲ့တစ်နေရာရာကို သွားကြရအောင်"

"ဟုတ်ပြီ။ဆက်မကြည့်နဲ့တော့"

ဟန့်၏လက်ကိုဆုပ်ကိုင်လျက် ထိုနေရာမှ အမြန်ထွက်ခဲ့သည်။ဟန့်ကို နာကျင်စေမည့်မြင်ကွင်းမျိုးကို မမြင်ခိုင်းစေချင်တော့။ကားပေါ်ရောက်တော့ ငူငူငိုင်ငိုင်ကြီး ထိုင်နေသောကြောင့် သူကိုယ်တိုင်ပင် ခါးပတ်ပတ်ပေးရသေးသည်။ထို့နောက် လေကောင်းလေသန့်ရမည့်အနီးဆုံးတစ်နေရာကို အမြန်ဆုံးမောင်းထွက်ရတော့သည်။

"ဟန်၊ရောက်ပြီ"

"....."

"ဟန်"

"ဟင်၊ဪ။ရောက်ပြီလား။အောက်ဆင်းကြရအောင်လေ"

"ခဏ၊ခါးပတ်ဖြုတ်ရဦးမယ်"

"ဟုတ်သားပဲ။ငါမေ့သွားတယ်"

ဆက်ကိုယဲ့ယဲ့လေးပြုံးပြပြီးနောက် ကားပေါ်မှဆင်းသွားသည်။တံတားဘောင်ပေါ်လက်တင်ရင်း ရေပြင်ကျယ်ကိုငေးကြည့်နေမိသည်။ပိုင်နှင့်သူ့ရဲ့ အမှတ်တရတွေက အနှေးပြကွက်ပြနေသကဲ့သို့ တစ်ခုချင်းစီခေါင်းထဲပြန်ဝင်လာသောကြောင့် ခြေချောင်းများကိုကုပ်လိုက်မိသည်။

Not First But LastWhere stories live. Discover now