Chapter-9

1.1K 102 0
                                    

Zawgyi

အခန်းတစ်ခန်းလုံးကိုပြင်ဆင်လို့ပြီးသွားတော့ လေးနာရီလောက်တောင်ခွဲနေပြီဖြစ်သည်။ဟန့်တစ်ကိုယ်လုံးမှာလည်း ချွေးတွေနှင့်။ပင်ပန်းလာသောကြောင့် ဆိုဖာပေါ်မှာထိုင်ပြီး ခဏနားလိုက်သည်။ဆက်ကတော့ လွယ်အိတ်ထဲမှ တစ်ရှူးကိုထုတ်ပြီး ဟန့်မျက်နှာကိုလက်သုတ်ပေးနေသည်။

"ခွန်းဆက်သာတို့များ မျက်နှာလိုက်ချက်ပဲနော်။ဒီကငါ့ကိုကျတော့ နည်းနည်းလေးတောင် သုတ်ပေးမယ်မရှိဘူး"

"ရော့ ဒီမှာ၊ကိုယ့်ဘာသာကိုယ်သုတ်။နင်လည်းချွေးသိပ်မထွက်ဘဲနဲ့"

"အင်း၊အင်း။တစ်ရှူးပေးလို့ကျေးဇူး။ခွန်းဆက်သာ၊အရူးကြီး"

ဆက်ပေးသောတစ်ရှူးထုတ်ကိုယူပြီး ပါးစပ်ကလည်းပွစိပွစိနှင့်ပြောလို့ကိုမပြီးနိုင်တော့။ဆက်ကတော့ သူ့ကိုလျစ်လျူရှုကာ မျက်လုံးမှိတိ၍အနားယူနေသော ဟန့်ကိုသာအာရုံစိုက်ထားလိုက်တော့သည်။

"ရပြီ။မသုတ်နဲ့တော့"

"အင်း၊အမောပြေပြီမလား"

"ဟင့်အင်း၊မောတော့မောနေတုန်းပဲ။ဘယ်နှစ်နာရီရှိပြီလဲ အခု"

"ငါးနာရီထိုးဖို့ ဆယ်မိနစ်လောက်ပဲလိုတော့တယ်"

"ကိုကိုလာဖို့အချိန်တောင် သိပ်မလိုတော့ဘူးပဲ။နေဦး၊ငါအင်္ကျီသွားလဲလိုက်ဦးမယ်။အဲ ငါ့လွယ်အိတ်ရော"

"ဟန်ရေ ပျာယာခတ်မနေနဲ့။လွယ်အိတ်ကမင်းဘေးမှာလေ"

"အာ ဟီးဟီး ဟုတ်သား၊သတိမထားမိလို့။ဒါဆိုငါသွားလိုက်ဦးမယ်နော်"

"ဟုတ်ပြီ၊ဟုတ်ပြီ"

လွယ်အိတ်ကိုယူကာ အိမ်သာထဲသို့ ပြေးထွက်သွားသောဟန့်ကိုကြည့်ပြီး သဘောတကျရယ်လိုက်မိသည်။ဟန်က သိပ်ကိုချစ်စရာကောင်းတာပဲ။မင်းရတုပိုင်က တော်တော်ကံကောင်းတာပဲလို့တွေးရုံကလွဲ၍ ဘာမှမလုပ်နိုင်။

ခဏနေတော့ ဟန်ကပြန်ထွက်လာပြီး ဖုန်းကိုယူကာ ပိုင့်ကိုဖုန်းဆက်လိုက်သည်။သုံးခါမြောက်ခေါ်သည်အထိ တစ်ဖက်မှပြန်မဖြေလာသောကြောင့် သက်ပြင်းချလိုက်သည်။ပိုင်ကသူ့ကိုဆို အခုတလောဂရုကိုမစိုက်ဘူး။

Not First But LastWhere stories live. Discover now