Zawgyi
သူတို့သုံးယောက်လည်း ထွက်သွားရော မြရိပ်နွယ်ကမင်းရတုပိုင်၏လက်မောင်းကိုကိုင်ကာ ခေါင်းကိုပါမှီလိုက်ရင်း ချွဲနွဲ့နွဲ့ပြောသည်။
"ပိုင် ကျေးဇူးပဲနော်။ရိပ်ဘက်ကနေလိုက်ပြောပေးလို့"
ထိုသို့ပြောသောအခါ မင်းရတုပိုင်ကသူ့လက်မောင်းကိုနည်းနည်းရုန်းလိုက်ရင်း မြရိပ်နွယ်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။
"ရိပ် ခုနကရိပ်ကိုယ့်ကိုညာတာလား။အမှန်တိုင်းပြောတာလား"
"ပိုင်!!!ရိပ်ကလိမ်နေတယ်ထင်တာလား။မိန်းကလေးတစ်ယောက်က လူကြားထဲမှာအရှက်ကွဲခံပြီး တမင်လုပ်တယ်လို့ပိုင်ကပြောချင်တာလား"
"အင်းပါကွာ ကိုယ်မှားသွားပါတယ်"
ထိုသို့ပြောပြီးနောက် မြရိပ်နွယ်ကသူ၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။သူကလည်းပြန်ဖက်ထားလိုက်သည်။သို့သော် သူ၏စိတ်ထဲတွင်တော့ ဟန်စေသာ့အကြောင်းကကြီးစိုးနေသည်။
သာ သူ့ကိုကြည့်သွားသောအကြည့်များ၊တစ်ခါမှသူ့ကိုစူးရဲတဲ့အကြည့်နဲ့မကြည့်ဖူးတဲ့သာကအဲ့လိုကြည့်သွားတော့ သူ့ရဲ့ရင်ဘတ်တစ်နေရာက အောင့်တက်လာခဲ့သည်။သာ ပြောင်းလဲသွားသလိုခံစားရသည်။ဘာပဲဖြစ်ဖြစ်ဒါသူလုပ်ခဲ့တဲ့ အကျိုးဆက်ပဲ။သာ သူ့ကိုအဲ့လိုကြည့်တာ ဖြစ်သင့်ပါတယ်။
"ပိုင် ဘာတွေစဉ်းစားနေတာလဲ"
"ဟင် ဘာမှမဟုတ်ပါဘူး"
"ရိပ် အတန်းသွားတက်တော့မယ်လို့။လိုက်ပို့ပေးဦး"
"အင်း သွားကြမယ်လေ"
သူတို့နှစ်ယောက်လည်း ကန်တင်းမှထွက်လာလိုက်သည်။
♤♤♤♤♤♤♤♤♤♤
ဟန်စေသာ အတန်းထဲပြန်ရောက်တော့ သူ့ခုံမှာသူထိုင်ပြီးငိုင်နေသည်။ဘေးကဆက်နဲ့ဝတ်ရည်ကတော့ သူ့ကိုဘယ်လိုနှစ်သိမ့်ပေးရမလဲမသိ။
"သာ အဆင်ပြေရဲ့လား"
"အမှန်တိုင်းပြောရမှာလား။လိမ်ပြောရမှာလား"
"အမှန်တိုင်းပြောရမှာပေါ့။နင့်မှာရင်ဖွင့်စရာဆိုလို့ ငါတို့ပဲရှိတာလေ"
YOU ARE READING
Not First But Last
RomanceYou're not my first love but I promise to love you for the rest of my life. Note-This fiction is just my imagination.Thank you.Enjoy!!! Start date-1/7/2020 End date-18/8/2020