Chapter-23

1.1K 113 8
                                    

Zawgyi

ဒီနေ့မနက်တော့ ဟန်ကအရင်ဦးဆုံးနိုးလာခဲ့သည်။သူနာရီကိုကြည့်လိုက်တော့ ၆နာရီခွဲ။သူကဆက်နှင့်အတူအိပ်နေတာကို မေ့ပြီးခန္ဓာကိုယ်ကိုတစ်ပတ်လှည့်လိုက်ရာ သူ့ကိုယ်လေးကဆက်ရင်ခွင်ထဲတန်းကနဲ။

သူအိပ်နေသော ဆက်ကိုမော့ကြည့်မိသည်။အသားဖြူဖြူ နှာတံချွန်ချွန်နှင့်ဆက်သည် အိပ်နေတာတောင်ချောမောနေသည်။သူဆက်ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီကိုလိုက်ကိုင်ကြည့်ကာ
တခစ်ခစ်နှင့်ရီနေမိသည်။တဖြည်းဖြည်းဆက်ရဲ့နှုတ်ခမ်းနေရာကိုလက်နှင့်တို့မိတော့ မနေ့ညကအကြောင်းပြန်စဉ်းစားရင်း ရှက်လာရသည်။

သူချက်ချင်းထထိုင်ကာ အခုန်လွန်နေသောရင်ဘတ်ကိုဖိလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်ရသည်။ထို့နောက်စိတ်ထဲတွင်ပြောလိုက်မိသည်က"ငါမင်းကိုချစ်နေမိပြီထင်တယ် ဆက်"ဟူ၍။

ထို့နောက်သူလည်း ကျောင်းသွားဖို့ပြင်ဆင်ရန်သဘက်တစ်ထည်ယူပြီးရေချိုးခန်းထဲဝင်သွားတော့သည်။သူသတိမထားမိတာက ကုတင်ပေါ်ကကောင်လေးကပြုံးလိုက်တာကိုပင်။

ဆက်က တကယ်တော့နိုးနေတာကြာပါပြီ။ဘယ်အချိန်ကတည်းကလည်းဆိုတော့ ဟန်သူ့ရင်ခွင်ထဲလှိမ့်ဝင်လာတဲ့အချိန်ကတည်းကလို့ပြောရမလား။ဒါပေမယ့် ဟန်ဘာဆက်လုပ်မလဲသိချင်လို့ သူအိပ်ချင်ယောင်ဆောင်နေလိုက်သည်။

ဟန်ကသူ့မျက်နှာကိုထိတွေ့နေတာကို သူခံစားရသည်။သူအသက်ရှူရပ်မတပ်ပဲ....ရင်ခုန်လွန်းလို့လေ။ဟန့်ရဲ့တခစ်ခစ်နဲ့ရီသံလေးကိုကြားနေရသည်။သူမသိမသာပြုံးလိုက်မိသည်။ထို့နောက်ဟန့်ရဲ့အထိအတွေ့က သူ့နှုတ်ခမ်းမှာရပ်သွားသည်။တော်တော်ကြာအောင် ဟန့်ဆီကဘာသံမှမကြားရသည့်အတွက် မျက်လုံးကိုနည်းနည်းလေးဖွင့်လိုက်မိတော့ မျက်နှာလေးနီကာပြုံးနေသောဟန်။

သူမျက်လုံးများကိုပြန်မှိတ်လိုက်သည်။ခဏနေတော့ ဟန်ထကာရေချိုးခန်းတံခါးကိုဖွင့်သံကြားလိုက်ရသည်။ရေချိုးခန်းတံခါးပိတ်သံကြားမှ သူမျက်လုံးများကိုဖွင့်ပြီးပြုံးလိုက်သည်။

"ဒီအတိုင်းဆို ငါ့အတွက်အခွင့်အရေးရှိလာပြီမလား ဟန်"

♤♤♤♤♤♤♤♤♤♤

Not First But LastWhere stories live. Discover now