Part (3)

1.6K 126 3
                                    

Unicode

"မင်းဟာက သေရောသေချာလို့လား "

မျိုးကျော်စွာရဲ့စကားကိုမယုံသလိုလိုရှိ၍ သူမေးလိုက်ခြင်းဖြစ်ရာ သူ့ကို ကျော်စွာမျက်စောင်းပြင်းပြင်းတချက်ထိုးလိုက်သည်။

"အဲဒီအခန်းက ငါ့ဒေါ်လေးရဲ့သူငယ်ချင်းပိုင်တာ ဒီလ အခန်းကလွတ်မှာမလို့လူရှာခိုင်းထားတာ သေချာတယ် ငဇော် "

"ဘကျော်စွာရာ ငါကဒီအတိုင်းမေးလိုက်တာပါ ငါအကူအညီလိုနေတယ်ဆိုတာမင်းလဲအသိပဲ "

"ငါသိလို့ပဲ မင်းကိုကူညီပေးနေတာလေ "

"အေးပါကွာ ကျေးဇူးတင်ပါတယ် ဒါနဲ့စျေးကရောသင့်ရဲ့လား ငါ့မှာဘိုင်နည်းနေပြီဆိုတာမင်းသိတယ်မလား "

"စျေးကတော့အတိအကျတော့မပြောလိုက်ဘူး လူချင်းတွေ့ပြီးမှညှိကြ နှိုင်းကြတာပေါ့ သင့်တော်တဲ့စျေးကိုအဆင်ပြေအောင်ညှိနှိုင်းပေးမယ်တဲ့ "

"အေးပါကွာ ဒါဖြင့်ဘယ်တော့လောက်သွားကြည့်ကြမလဲ "

"ငါလဲအဲဒါပဲမေးမလို့ မင်းက အလုပ်သာမရှိတာ အားတဲ့အချိန်ဆိုတာကလဲမရှိသလောက်ပဲ မင်းကဘယ်အချိန်အားလဲ "

ဇော်လင်းညိုက အနုပညာဘက်ကိုမှ သရုပ်ဆောင်အလုပ်ကို မော်ဒယ်ဆိုတဲ့ဘဝမှစတင်ခြေလှမ်းဖို့ပြင်နေတာဆိုတော့ သူ့အကြောင်းကိုကောင်းကောင်းသိတဲ့ငယ်သူငယ်ချင်း ကျော်စွာကသိသည်။

အနုပညာရယ် သရုပ်ဆောင်ရယ် မော်ဒယ်ရယ်နဲ့ ဘာရယ်မသိခေါင်းစဥ်တပ်နေပေမဲ့တကယ့်တကယ်မှာတော့ ဘာမှခေါင်းစဥ်တပ်စရာမရှိပါ။စတင်ခြေလှမ်းစဆိုတော့ အသိအကျွမ်းမရှိပဲဝင်လာရာမှာ တော်တော်အခက်တွေ့သည်။

ဒီလိုစတင်ခြေလှမ်းဖို့အတွက် မသေချာသေးတဲ့ဘဝမှာ ဒီအလုပ်ကိုပဲလုပ်ဖို့မဖြစ်နိုင်သေးတော့ တဖက်တလှမ်းမှာတော့တခြားအလုပ်လဲလုပ်ရသေးသည်။

3star စားသောက်ဆိုင်မှာစားဖိုမှူးလေ

အဝေးသင်တက္ကသိုလ်တတ်ကတည်းက အချက်အပြုတ်သင်တန်းတတ်ထားခဲ့ပြီးအကျိုးအမြတ်အဖြစ် အခုချိန်မှာအဲဒီအောင်လက်မှတ်နဲ့အလုပ်တစ်ခုတော့ရခဲ့သည်။ဒါကြောင့်လဲ ဒီလိုရပ်တည်နေနိုင်တယ်ဆိုတာလဲမမှားဘူးလေ

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Where stories live. Discover now