Part ( 20 )

1K 90 0
                                    

Unicode

ဒီနေ့ သူ့ရဲ့king ဖြစ်တဲ့အထိမ်းအမှတ်အောင်ပွဲလုပ်ပေးတဲ့နေ့ပါ ။ ဒါကြောင့် ဇော်လင်းညို ဒီည ညဥ့်နက်မှပြန်လာဖြစ်မယ်ဆိုပြီးပြောကာသွားသည်။

အလုပ်ကဆင်းလာပေမဲ့ အိမ်ရောက်ရင်လဲသူမရှိနိုင်တာမို့ ပိုင်မင်းဦးပြန်ရမှာပျင်းနေသည်။ မော်လီဆီဖုန်းဆက်တော့လဲ သူမက အလုပ်တွေရှုပ်နေတယ်ဆိုတော့ သူ့မှာ သွားစရာနေရာမရှိဖြစ်နေသည်။

"ကောင်လေး ဘယ်သွားမလို့လဲ "

ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ပိုင်မင်းဦးရဲ့ဘေးသို့ကားတစ်စီးရပ်လို့လာပြီး ကားတံခါးမှ မှန်ကိုရုတ်ကာ စကားပြောလာတော့ ကြည့်လိုက်ရာ ကိုထွန်းမင်းကျော်

တိုက်ဆိုင်တာလား ။ ဘာကြောင့်လဲဆိုတာမသိပေမဲ့ ပိုင်မင်းဦးအလုပ်ဆင်းတဲ့အချိန်တိုင်း သူအမြဲရောက်လာတတ်သည်။

"တတ်လေ ကျွန်တော်ပြန်လိုက်ပို့ပေးမယ် "

"ရပါတယ်ကိုထွန်းမင်းကျော် ကျွန်တော်အိမ်မပြန်ချင်သေးဘူး "

"အဲဒါဆိုလဲတတ်ပါ ကျွန်တော်လဲအလုပ်အားနေတော့ ဘယ်ကိုသွားသွားလိုက်ပို့ပေးပါမယ် ကျွန်တော်လဲပျင်းနေတာဆိုတော့ "

"အိမ်မပြန်ချင်ဘူးဆိုပေမဲ့ ဘယ်ကိုသွားရမှန်းလဲမသိဘူး အဟင်း အဲဒါကြောင့် "

"တတ်ပါ ဒီလောက်ခေါ်နေရတာ နည်းနည်းအားနာပါအုံး "

ဇော်လင်းညိုကမကြိုက်ဘူးဆိုပြီး အမြဲပြောတတ်တာကြောင့် မလိုက်ဖို့ငြင်းနေပေမဲ့ သူကဇွတ်ခေါ်နေတော့ မလိုက်လို့ကမကောင်းတော့ပေ။

"မိုးလဲချုပ်​တော့မှာဆိုတော့ ညစာတစ်ခုခုသွားစားကြမယ်လေ "

"ဟုတ် အဲလိုပဲလုပ်တာပေါ့ "

ပိုင်မင်းဦး မငြင်းချင်တော့တာနဲ့လက်ခံလိုက်သည်။ ဒါကိုသူသိရင်တော့ ကြိုက်မှာမဟုတ်သလို သူ့ကိုအပြစ်ပြောတော့မှာသေချာနေပေမဲ့ ။ ဒီနေ့က သူ့ရဲ့ အောင်ပွဲအထိမ်းအမှတ်လုပ်တဲ့နေ့ဆိုတော့ သူသိမှာမဟုတ်ပေ။ ပြီးတော့ တစ်ယောက်ထဲနေရတာပျင်းတော့ ကိုထွန်းမင်းကျော်နဲ့ ရှိနေတော့ ပျင်းတာထက်စာရင်နေရတာအဆင်ပြေတာပေါ့

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Donde viven las historias. Descúbrelo ahora