Unicode
"အခုမှတော့ဘာတတ်နိုင်တော့မှာလဲ အဲလိုပဲလုပ်ရတော့မှာပေါ့ ပိုင်မင်းဦး မင်းငါနဲ့တစ်ခန်းထဲအတူနေလို့ဖြစ်ရဲ့လား "
"ဗျာ "
ကိုမင်းကျော်ရဲ့အမေးကြောင့်ပိုင်မင်းဦးဘာဖြေလို့ဖြေရမှန်းမသိဖြစ်ကာကြောင်သွားသည်။အရင်ကတည်းကတစ်ယောက်ထဲပဲ နေတတ်တော့ အခုလိုအတူတစ်ခန်းထဲ နေ့ရမဲ့အပေါ် ပြန်ပြီးအဖြေပေးဖို့ရာခက်ခဲနေသည်။
"ကိုယ်လဲ အခန်းနှစ်ခန်းကိုကြိုမှာထားတာပဲ အခုမြင်နေရတဲ့အတိုင်းပဲလေ ဘယ်တော့မှမျက်နှာလွှဲလို့မရဘူး ဧည့်ကျချိန်ဆိုတော့ အခန်းကအပြည့်ဖြစ်နေတယ် အတူနေဖို့အဆင်မပြေရင်ကိုယ်ဖြစ်အောင်စီစဥ်ပေးပါ့မယ် "
"ရပါတယ် "
"ရပါတယ် စီစဥ်မနေပါနဲ့ "
"ဟင် "
ပိုင်မင်းဦးရဲ့စကားနောက်မှာ ဇော်လင်းညိုရဲ့စကားထပ်ကာပါလာတော့ ပိုင်မင်းဦးအံ့ဩမိသည်။ စောစောကတင်ထွက်သွားတဲ့သူ ဘယ်ချိန်ကဒီနားကိုရောက်နေသည်မသိ ။
"တကူးတကကြီးအခန်းစီစဥ်ပေးဖို့မလိုပါဘူး ပိုင်မင်းဦးကို ကျွန်တော်နဲ့အတူနေလို့လဲရတယ် "
ပိုင်မင်းဦးရဲဘေးနားကိုကပ်ကာပိုင်မင်းဦးရဲ့ခါးကိုဖက်ကာသူ့အနားသို့ကပ်လိုက်ပြီးပြောသည်။ ပိုင်မင်းဦးမှာ အံ့ဩစွာ သူ့ကိုမော့ကြည့်လိုက်မိသည်။ သူကတော့ပြုံးပြုံး ပင် မန်နေဂျာနဲ့ကိုမင်းကျော် တခြားသူများကိုဆက်ကာပြောနေသည်။
"သူနဲ့ကျွန်တော်က ရန်ကုန်မှာလဲအတူနေကြတာဆိုတော့ ကျွန်တော်နဲ့ နေဖို့ အဆင်ပြေပါတယ် ဟုတ်တယ်နော် ပိုင်မင်းဦး "
"ဟင် အင်း "
ပိုင်မင်းဦးငိုရမလို ရီရမလိုနဲ့ကြောင်တောင်တောင်နဲ့သူ့ကိုကြည့်ကာခေါင်းညိတ်ကာဖြေလိုက်သည်။ မန်နေဂျာနဲ့တခြားဝန်ထမ်းတွေလဲ သူတို့အဆင်ပြေသွားကြ၍ စိတ်သက်သာရာရကာ ပြုံးနိုင်ကြတော့သည်။
"ဟင် အဲလိုပဲလုပ်မလား မင်းတို့အတူနေတယ်ဆိုတာတော့သိပါတယ် မင်းကမင်းသားဆိုတော့ အနှောက်အယှက်ဖြစ်မှာစိုးလို့ပါ "
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
KAMU SEDANG MEMBACA
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomansaUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...