Part ( 25 )

1K 86 0
                                    

Unicode

"မင်းဘာဖြစ်နေတာလဲ "

ဧည့်ခန်းမှာမှိုင်တွေတွေကြီးနဲ့ မျက်နှာမကောင်းဖြစ်နေတဲ့သူ့ကိုပိုင်မင်းဦးမေးလိုက်သည်။ခါတိုင်းဆိုလျှင် သူကပင်စပြီး လိုက်ကာပြောနေပေမဲ့ အခုသူကဘာမှမပြောပဲနေတော့ ပိုင်မင်းဦး မနေတတ်သလိုခံစားရသည်။

"မင်းဘာဖြစ်နေတာလဲလို့ အလုပ်မှာအဆင်မပြေဘူးလား "

"မဟုတ်ပါဘူး "

"အဲဒါဆိုဘာဖြစ်နေတာလဲဆိုတာငါ့ကိုပြောလေ ငါကူညီနိုင်တာရှိရင်ကူညီမှာပေါ့ "

ထိုသို့ပြောတော့ဇော်လင်းညို သူ့ရဲ့မျက်နှာအားစူးစိုက်ကာကြည့်နေသည် ။ ထိုအခါ ပိုင်မင်းဦးဘာလဲဆိုတဲ့အကြည့်နဲ့မေးငေါ့ကာမေးလိုက်တော့ သူတဖက်သို့လှည့်ကာခေါင်းရမ်းလိုက်သည်။

ပိုင်မင်းဦး သူနဲ့ပတ်သက်တယ်ဆိုတာသိလိုက်ရတော့ပို၍သိချင်သွားသည်။ အတူနေတာလာကြာပြီဆိုတော့ သူ့ရဲ့စိတ်ကိုမျက်နှာအမူအရာအကဲခတ်ပြီးသိနိုင်ပြီ။ အခုကိစ္စမှာ သူ့ကြောင့်ဆိုတာမပြောပေမဲ့သိသည်။ဒါကိုလဲသူမပြောချင်ဘူးဆိုတာသိသည်။

"ငါနည်းနည်းစိတ်မကြည်လို့ပါ မနက်ဖြန်ခရီးထွက်ရမှာဆိုတော့ ငါသွားနားတော့မယ် "

ဇော်လင်းညိုပြောကာသူ့အခန်းထဲကို​ဝင်သွားတော့ ပိုင်မင်းဦးဘာမှန်းမသိ ကျန်နေရစ်သည်။ဘာမှသေသေချာချာပြောမသွားတော့စိတ်အလိုမကျဖြစ်ကာသူ့အားနှုတ်ခမ်းကြီးစူပုတ်ကာမျက်စောင်းထို၍ ပွစိစိပြောနေမိသည်။

ပိုင်မင်းဦး ရေးလက်စ ဇာတ်ညွှန်းထဲ အာရုံ​ပြန်စိုက်ပေမဲ့ မျက်နှာမကောင်းဖြစ်နေတဲ့ သူ့မျက်နှာကိုမြင်ပြီး စာထဲလဲအာရုံစိုက်လို့မရပေ။

အခန်းထဲဝင်သွားတဲ့ ဇော်လင်းညိုကတော့ ကုတင်ထက်မှာထိုင်နေရင်း အဖြစ်အပျက်တချို့ကြောင့် စိတ်မကောင်ဖြစ်သလို ဒေါသလဲဖြစ်ရသည်။

"လူတစ်ယောက်ရဲ့အကျင့်က သေမှပြောင်းတတ်တာ မွေးသန္ဓေ သေမှဖျောက် ဆိုတဲ့ဆိုရိုးစကားလဲရှိတယ်မဟုတ်လား "

သူ့ကိုတားခဲ့တဲ့ ကျော်စွာရဲ့စကား ။ ရှု့နဲ့ပြန်တွဲတော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ သူပြောခဲ့တာ။ ဒါပေမဲ့ ထိုစကားတွေကို ဇော်လင်းညိုမျက်ကွယ်ပြုခဲ့သည်။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Où les histoires vivent. Découvrez maintenant