Part ( 16 )

938 81 0
                                    

Unicode

အချိန်က ည ဆယ်နာရီပင်ခွဲနေချေပြီ။ ပြိုင်ပွဲနေ့ဆိုတော့ ပြင်ဆင်ရန်ညနေလောက်ကတည်းကထွက်သွားပုံရပြီး သူအလုပ်ကပြန်လာတော့ဇော်လင်းညိုမရှိတော့ချေ။

အရာရာကို သူ သူ ဆိုတာချည်ဖြစ်နေတဲ့ သူ့ရဲ့စိတ်ကို သူအကောင်းဆုံးဖြစ်အောင် မတွေးပဲနေပေမဲ့ ဒီအခန်းကြီးထဲမှာ သူနဲ့အတူတူရှိခဲ့ဖူးတဲ့အမှတ်တရတွေက သူ့အတွေးထဲဝင်လာဖြစ်အောင်ကို ဝင်သည်။

ညစာ စားရင်ပင် သူနဲ့အတူစားခဲ့ဖူးတော့ မစားသေးပဲနေမိသည်။ သူပြန်လာရင် အရင်လိုစားမလားဆိုပြီး အတွေးနဲ့ပေါ့။

အချိန်တွေကတဖြည်းဖြည်းနဲ့ရွှေ့လျှားလို့လာကာ  ညကတဖြည်းဖြည်းနက်သည်ထက် နက်လာခဲ့ပေမဲ့သူပြန်မလာသေး။ဧည့်ခန်းက ထိုင်ခုံလေးပေါ်မှာ စာအုပ်ဖက်နေရင်းမျက်လုံးများကမှေးစက်လို့လာပြီး အိပ်ပျော်လို့သွားခဲ့သည်။

***********

"ဟင် "

အလင်းရောင်ကမျက်လုံးထဲသို့တိုးဝင်လာ၍ ပိုင်မင်းဦး လန့်ကာနိုးလာခဲ့သည်။မိုးကစင်စင်လင်းနေပြီမို့ သူပြန်လာပြီလားဆိုပြီးတွေးမိကာ သူ့ရဲ့အခန်းဆီသို့ သွားပြီးတံခါးဖွင့်ကြည့်ပေမဲ့ အခန်းထဲမှာဘယ်သူမှ ရှိမနေ။

"သူဘယ်မှာအိပ်တာပါလိမ့် "

ဆိုပြီးတွေးနေမိသည်။

ပြိုင်ပွဲကနောက်ကျလို့ ဟော်တယ်မှာပဲအိပ်ဖို့စီစဥ်ပေးလို့များလား....
ဘာပဲဖြစ်ဖြစ်ပြန်မအိပ်နိုင်ဘူးဆိုရင်လဲ ငါ့ကိုအသိတော့ပေးသင့်တယ်မဟုတ်လား....
အခုဟာက ငါသူ့ကို စောင့်နေလိမ့်မယ်ဆိုတာ မသိသလိုနဲ့....

တွေးရင်စိတ်ထဲမှ ဝမ်းနည်းမိလာသည်။သူမရှိတဲ့ညစာကိုမစားခဲ့ရပေမဲ့ မနက်စာကိုတော့စားဖြစ်အောင်စားရမည်။အရာရာသူ ဆိုတဲ့စိတ်ကို သူရအောင်ဖြတ်မယ်လို့ဆုံးဖြတ်ထားတယ်မဟုတ်လား

"ညကလေ ကိုဇော်ကအရမ်းချောတာပဲသိလား TVကကြည့်ရတာကို အားလုံးထဲမှာ သူကအပြတ်ချောနေတာ အပြင်မှာများသွားပြီးအားပေးရရင်တော့အမိုက်ပဲ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Место, где живут истории. Откройте их для себя