Part ( 23 )

975 86 2
                                    

Unicode

"ဒီနေ့ အလုပ်ပိတ်တယ်မဟုတ်ဘူးလား "

"ပိတ်တယ်လေ ဘာဖြစ်လို့လဲ "

"မင်းက အဝတ်အစားတွေလဲနေတော့ ဘယ်သွားမလဲလို့ "

"ဪ ငါတခြားအလုပ်တစ်ခုရနေပြီ ။ အဲဒီအလုပ်မှာအသားကျသွားရင် ငါစားသောက်ဆိုင်ကထွက်တော့မှာ "

မနက်အစောကြီးကတည်းက သူ့အခန်းထဲသို့ဝင်လာပြီး အိပ်နေတဲ့သူ့ကို နှိုးနေသည်။ ပြီးတော့ မနက်စာ စားဖို့ပြင်ပြီးပြီဆိုကာအထဲပြန်ဝင်လာပြီး အဝတ်အစားလဲနေတဲ့ပိုင်မင်းဦးကိုမေးခြင်းဖြစ်သည်။

"ဘယ်မှာအလုပ်လုပ်မှာလဲ ငါလဲမသိရပါလား "

"ငါဟိုတစ်ခါပြောတဲ့ ဇာတ်ညွှန်းရေးတဲ့အလုပ်လေ ငါရေးတဲ့ဟာကို သဘောကျလို့အခွင့်အရေးပေးမယ်တဲ့ အဲဒါကြောင့်ငါလဲစမ်းကြည့်မလို့ "

ကိုမင်းကျော်ဆီမှာအလုပ်လုပ်ရမယ်လို့ သူမပြောချင်။ ပြောရင်လဲ သူကြိုက်မှာမဟုတ်တာကြောင့် မပြောဖြစ်တာပါ။

ဇော်လင်းညိုအနေနဲ့ လူတိုင်းအပေါ်မှာအဲလိုမဟုတ်ပေမဲ့ ကိုမင်းကျော်ကိုဘာကြောင့်များဒီလောက်ထိ အမြင်လွဲနေရတဲ့အပေါ် ဘာကြောင့်ဆိုတာ သူသိချင်မိပါသည်။

"အင်း မင်းတကယ်ပဲ အဲဒီအလုပ်ကိုဝါသနာပါတာလား "

"အင်း ငါထင်တယ် ငါအဲဒါကိုလုပ်နေရရင်ပျော်တယ် ငါစိတ်ညစ်နေရရင်တောင် အဲဒီအကြောင်းလေးတွေးလိုက်ရင် စိတ်ညစ်တာတွေပျောက်သွားတယ် "

"အင်းပါ သွားရမယ်ဆိုလဲသွားပေါ့ ငါပြင်ထားတဲ့မနက်စာတော့ စားသွားပါအုံး ဒါနမြောက်သွားအောင် "

"မစားမှာတော့မပူနဲ့ ဆာနေတာ အဟင်း ဒါနဲ့မင်းရော အလုပ်မရှိဘူးလား "

"ခုရက်ပိုင်းတော့အလုပ်မရှိဘူး နောက်တစ်ပတ်​ကြာသပတေးနေ့မှာ ငါခရီးထွက်ရမယ် "

"ဟင် "

"ဟုတ်တယ် ငါပုဂံ ဘက်ကို MTV သွားရိုက်ရမှာ လေးငါးရက်တော့ကြာမယ်ထင်တယ် "

"ဪ "

ချက်ခြင်းဆိုသလို ပိုင်မင်းဦး မျက်နှာပျက်သွားသည်။အလုပ်ကိစ္စပဲ ဆိုပြီးတွေးလိုက်ပေမဲ့ထိုရက်တွေမှာဘယ်လိုနေမလဲဆိုတာတွေးလို့ပင်စိတ်ပျက်စရာ ။

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Onde histórias criam vida. Descubra agora