Unicode
" King " တဲ့။တချိန်ကတော့ ဒီရုပ်ရှင်ထုပ်လုပ်ရေးကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောပိုင်ရှင်ဟာ ဦးမင်းမြတ်မဟုတ်ပါလား။အချိန်ကာလအပိုင်းအခြားအားဖြင့်နှစ်နှစ်အတွင်းမှာ အပြောင်းလဲကြီးပြောင်းလဲခဲ့လေပြီ။
ယခင်ကတစ်ဦးတည်းပိုင်ကုမ္ပဏီကြီးဟာအခုတော့ရှယ်ယာရှင်တွေ ဝေစုကျအုပ်ချုပ်ပိုင်ဆိုင်ခဲ့ကြပြီ။များစွာသောအပြောင်းအလဲတွေကြောင့်နှစ်စဥ်ကျင်းပခဲ့တဲ့ တတ်သစ်စ မင်းသားရွေးချယ်ပွဲကြီးဟာကာလတစ်ခုအတွင်းမကျင်းပဖြစ်တော့ ၊ယခုတော့အားလုံးမျှော်လင့်တောင်းတနေတဲ့ King ရဲ့ King ရွေးချယ်ပွဲကိုတရားဝင်ကျေငြာလိုက်ပြီဖြစ်၍ အားလုံးရင်ခုန်စိတ်လှုပ်ရှားနေကြသည်။
"ဟူး ငါစိတ်တွေလှုပ်ရှားနေတယ်ပိုင်မင်းဦးရာ မရောက်ခင်တုန်းကသာငါဘယ်လိုလုပ်မယ် ဆိုပြီးတွေးထားပေမဲ့ အခုလိုတကယ်ကြီးဖြစ်လာတော့ ငါ့စိတ်ထဲကြောက်သလိုလို လန့်သလိုလိုနဲ့စိတ်တွေလှုပ်ရှားနေတယ်ကွာ "
ထိုသို့ရင်ဖွင့်လာတဲ့ဇော်လင်းညိုကြောင့်ပိုင်မင်းဦး နှုတ်ခမ်းမှ အပြုံးတစ်ခုကိုကြိုးစား၍ပြုံးလိုက်ကာပြောသည်။
"အင်း ဖြစ်တတ်ပါတယ် ဒါပေမဲ့ဒါ မင်းရွေးခြယ်ထားတဲ့လမ်းပဲမဟုတ်လား မင်းအနှစ်နှစ်အလလ မက်ခဲ့တဲ့အိမ်မက်ပဲမဟုတ်လား ငါယုံကြည်တယ် မင်းအောင်မြင်လိမ့်မယ်လို့လေ အခုပဲကြည့် Page က ဇကာတင်ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် ၃၀ ကို တရားဝင်ချပြလိုက်ပြီလေ။အဲဒီအထဲမှာမင်းရဲ့ပုံအောက်မှာ like တွေအများကြီးပဲမဟုတ်လား "
"ဟင် ဟုတ်လား "
"ဟင် တချိန်လုံးဖုန်းကိုကြည့်နေပြီးမတွေ့ဘူးလား "
"ပြစမ်း "
သူကိုယ်တိုင် လိုက်ပြီးဝယ်ပေးထားတဲ့ပိုင်မင်းဦးရဲ့ဖုန်းကိုဆွဲယူကာကြည့်လိုက်သည်။
အားလုံးကတကယ်ကိုကြည့်လို့ကောင်းကာ စမတ်ကျကျ ပုံတွေကိုရွေးချယ်ပြီးတင်ထားသည်။ဒီအထဲမှ သူ့ရဲ့ပုံအောက်မှာ Like တွေက 10k နဲ့အများဆုံးတွေထဲမှတစ်ယောက်ဖြစ်နေသည်။
KAMU SEDANG MEMBACA
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomansaUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...