Unicode
"မင်းကိုငါပြန်လိုက်ပို့ပေးမယ် "
ပိုင်မင်းဦးရဲ့လက်ကိုဆွဲကာ မျက်နှာကိုတည့်တည့်ကြည့်ကာဇော်လင်းညိုဆိုလိုက်သည်။ ဒီတော့ပိုင်မင်းဦးလဲသူ့ရဲ့မျက်နှာကိုကြည့်လိုက်သည် ။ သို့သော်ဘာမှမပြော
ထိုစဥ်ရှု့မငြီးက ဇော်လင်းညိုရဲ့လက်ကိုလာဆွဲကာဆိုသည်။
"ဇော် ရှု့တို့က ရုပ်ရှင်သွားကြည့်ကြအုံးမှာမဟုတ်လား သူလဲပျင်းရှာမှာပေါ့ အဆင်သင့်ဖြစ်နေတာပဲ ပြန်ပါစေ "
ထိုသို့ပြောတော့ဇော်လင်းညိုရဲ့မျက်နှာမှာ သူ့ကိုမလိုက်သွားစေချင်တဲ့စိတ်က သဲကြီးမဲကြီးမရှိတော့ပေ။ ပျော့သွားတဲ့မျက်နှာနဲ့အတူ သူ့ရဲ့လက်ကိုဆွဲထားတဲ့ လက်များကလဲပြေလျော့လို့လာရာ ပိုင်မင်းဦး သူ့ရဲ့လက်ကိုဖြုတ်၍ ထိုနေရာမှထွက်လို့လာတော့သည်။
သူသာ မလိုက်သွားဖို့ ဇွတ်အတင်းတားနေမယ်ဆိုရင် သူတို့ကိုမြင်ရ၍ ကြေကွဲပြီးသေချင်သေသွားပါစေ မလိုက်ဖို့ဆုံးဖြတ်မိမှာ....
ဒါပေမဲ့ဇော်လင်းညိုရယ် မင်းငါ့ထက်သူ့ကိုပိုပြီး ။ဟင်း ဒါကဖြစ်သင့်တာပဲလေ ။ ချစ်သူနဲ့သူငယ်ချင်း ယှဥ်လာရင်ချစ်သူထက် သူငယ်ချင်းကိုပိုပြီးဦးစားပေးမှာမဟုတ်ဘူးလေ..
ဒါပေမဲ့ ငါကမင်းအတွက်အရေးပါတဲ့သူငယ်ချင်း ဖြစ်နေတဲ့အတွက် ငါကျေနပ်ပါတယ်
"ပိုင်မင်းဦး "
နောက်ကပါမလာတော့ဘူးလို့ထင်ထားပေမဲ့ သူ့ရဲ့နောက်ကိုရောက်လာကာ သူ့ရဲ့လက်အားဆွဲထားပြန်တဲ့ ဇော်လင်းညိုကြောင့် ပိုင်မင်းဦးရပ်တန့်သွားရပြန်သည်။
"မင်းကိုမပြန်စေချင်သေးဘူး "
"ကိုမင်းကျော် ကားပေါ်ကစောင့်နေပါ ကျွန်တော်ခဏနေရင်လိုက်လာခဲ့ပါမယ် "
ပြော၍ ကိုမင်းကျော်သူတို့အနားမှ ထွက်သွားသည်။ပိုင်မင်းဦးသူ့ကိုကြည့်၍ပြုံးပြကာဆိုလိုက်သည်။
"ငါ့ကိုဘာလိုမပြန်စေချင်တာလဲ "
"ငါတို့နဲ့ရုပ်ရှင်အတူ "
![](https://img.wattpad.com/cover/213327795-288-k318761.jpg)
YOU ARE READING
မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)
RomanceUnicode တချိန်က တစ်ယောက်ကိုတစ်ယောက် မျက်မုန်းကြိုးကာမုန်းတီခဲ့ပေမဲ့ ဘဝအလှည့်အပြောင်းမှာ ငြိတွယ်ခဲ့တဲ့သံယောဇဥ်လေးတွေကနေ.... King ဆိုတဲ့ကုမ္ပဏီကြီးရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူဘဝက နေ ဘာမှမရှိတဲ့ အောက်ခြေဘဝကိုရောက်သွားခဲ့တဲ့ ပိုင်မင်းဦးဆိုတဲ့ အထည်ကြီးပ...