Part (32)

1K 89 2
                                    

Unicode

မနက်ကတည်းက သူ့ကိုမတွေ့ရတာ တနေကုန်ဘယ်တွေသွားနေတယ်ဆိုတာ သူမသိပါ ။ ညတုန်းကလဲ ဘယ်အချိန်မှ ပြန်လာတယ်ဆိုတာကိုလဲ သူမသိ ။ တရေးနိုးမှ သူ့အခန်းကိုဖွင့်ကြည့်ရာ သူ့ကိုတွေ့ရသည်။

အခန်းကိုလော့မချထားတာကြောင့် ပိုင်မင်းဦးအခန်းထဲကို ဝင်သွားပြီး စောင်လပ်နေတဲ့ သူ့ရဲ့ကိုယ်ပေါ်ကို စောင်ကိုလွှာ၍တင်ပေးလိုက်သည်။

ထိုအခါမှ သူက စောင်ကိုဆွဲယူကာကွေးလိုက်တော့ ပိုင်မင်းဦး ကြည့်ကာပြုံးမိသည်။

"မင်းကအရမ်းကိုကြည့်လို့ကောင်းတာပဲနော် အိပ်နေတာတောင်မှ ကြည့်လို့ကောင်းနေတုန်းပဲ ညနေက မင်းစိတ်ဆိုးနေလို့ပြောတယ်ဆိုတာငါသိပါတယ် ဒါကြောင့် မင်းရဲ့စိတ်တွေ ပြန်ကောင်းတဲ့အထိ ငါစောင့်နေပါမယ် မင်းပျော်အောင် ငါအနားက လုပ်ပေးမယ် နောက်ထပ်ငါ့ကိုအဲလိုတော့မပြောပါနဲ့တော့ မင်းစိတ်ဆိုးလို့ပြောတယ်ဆိုတာငါသိပေမဲ့ ငါခံစားရလို့ပါ အဟင်း "

အိပ်ပျော်နေတဲ့ သူ့ရဲ့အနားမှာ ပြောရင်း သူ့ရဲ့ပါးပြင်လေးကိုကိုင်ကာပြုံးမိသည်။ သူ့ရဲ့ကိုယ်လေး လှုပ်သွားတော့ နိုးသွားမယ်အထင် ပိုင်မင်းဦး ထိုအခန်းထဲမှ ပြေးထွက်လာခဲ့တော့သည်။

ဒီနေ့ မနက်မိုးလင်းတော့ သူ့အခန်းကိုကြည့်ရာ သူ့ကိုမတွေ့ရပဲ တအိမ်လုံးလျှောက်ပတ်ကြည့်ပေမဲ့သူ့ကိုမတွေ့ရ ။

သူစိတ်မပြေသေးလို့ နေမှာပါဆိုပြီးတွေးကာအိမ်မှုကိစ္စတချို့ကို လုပ်ကိုင်ကာ နေ့လည်စာအတွက်ပြင်ဆင်နေသည်။

ဒီနေ့လည်တော့ သူ့ကိုဖုန်းဆက်ပြီး စားဖို့ပြောမယ်ဆိုပြီး ဆုံးဖြတ်ကာ နေ့လည်စာကို ပျော်ရွှင်စွာပြင်ဆင်နေသည်။

"ဇော်လင်းညို နေ့လည်စာ ငါပြင်ထားတယ် ပြန်လာစား ' အလိုပြောရမလား အဲလိုပြောရင် သူစိတ်ဆိုးနေတာလေ ပိုဆိုးမှာပေါ့ ဇော်လင်းညို မင်းအတွက် ငါကြိုးစားပြီး နေ့လည်စာပြင်ထားတယ် မင်းပြန်လာစားနော် ' အဟင်း အဲလိုကောင်းတယ် ပြီးရင် ဖုန်းဆက်ပြီး ခေါ်အုံးမှ မြည့်းကြည့်အုံးမယ် "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Tempat cerita menjadi hidup. Temukan sekarang