Part ( 22 )

1K 86 2
                                    

Unicode

သူတို့လမ်းနားမှ ကစားကွင်းလေးမှာ ထိုင်ကာငိုနေမိသည်။ တကယ်ဆိုရင် သူ့မှာသွားစရာနေရာမရှိတော့ ခြေဦးတည့်ရာလျှောက်လာရင်း ကစားကွင်းလေးထဲမှာအဆုံးသတ်လို့သွားသည်။

အောက်တိုဘာလရဲ့ ရာသီဥတုကလဲဆောင်းသွင်းဖို့ပြင်နေသလို အေးစိမ့်စိမ့်ဖြစ်နေပြီး ဘယ်ကမှန်းမသိတဲ့ မိုးတိမ်တွေက ကောင်းကင်ထက်မှာ စုစည်းလာကြသည်။

ထိုင်ခုံလေးပေါ်သို့ထိုင်နေရင်းပြောရက်တဲ့သူ့စကားတွေကိုပြန်ကြား​ယောင်လာရင်း ပို၍ ဝမ်းနည်းမိလာသည်။ သူ့မှာ ဘယ်မှသွားစရာမရှိဘူးဆိုတာလဲသူအသိကို 'ထွက်သွား' ဆိုပြီရက်ရက်စက်စက်ပြောရက်တာက ရင်ထဲမှာစူးနင့်အောင်နာကျင်ပါသည်။

ညတုန်းကရုပ်ရှင်ကအပြန်အိမ်ရောက်တော့ သူ့ကိုစောင့်နေရာ တညလုံးအိပ်၍မပျော်ခဲ့ပါ။ မနက်မိုးလင်းသည်အထိ သူပြန်မလာတော့ အတွေးပေါင်းများစွာဖြင့် အဆင်မပြေခဲ့။

စောစောက ဆော့ကစားနေကြတဲ့ကလေးတွေကို သူတို့မိဘတွေကပြန်ခေါ်သွားကြသည်။ အကြောင်းအရင်းမှာ မိုးတိမ်တွေမှ ငွေ့ရည်ဖွဲ့ကာ မိုးစက်လေးတွေကျဆင်းလို့လာ၍ဖြစ်သည်။

ဝမ်းနည်းစွာငိုကျွေးနေရင်းက ကောင်းကင်သို့မော့ကြည့်ရာ မိုးစက်များမျက်နှာပေါ်သို့ ကျလာသည်။ တဖြည်းဖြည်းမိုးစက်လေးတွေက သည်းထန်စွာရွာလာတော့သည်။ သို့ပေမဲ့သူကတော့ထိုထိုင်ခုံပေါ်မှတစ်ဖဝါးမှမရွေ့ပါ ။

"ငါ့အတွက် ကူပြီးငိုပေးနေကြတာလားမိုးစက်တွေရယ် ငါ့မှာဘယ်မှသွားစရာမရှိဘူး ဒါပေမဲ့ ငါ့အတွက်မင်းတို့လေးတွေရှိနေပေးတယ် ငါ့မှာမင်းတို့ပဲရှိတာ "

မိုးစက်လေးတွေကိုစကားပြောကာ ငိုနေတော့ မျက်ရည်လား မိုးစက်လားမသဲကွဲနိုင်လောက်တော့အောင်ပါ။

ထိုစဥ်သူ့ရဲ့အပေါ်သို့မိုးစက်များမကျလာတော့၍မော့ကြည့်ရာ ခေါင်းပေါ်သို့ထီးတစ်ချောင်းရောက်လို့နေပြီး ထိုထီးပိုင်ရှင်ကိုကြည့်ရာ....

"ကိုမင်းကျော် "

"ကလေးလဲမဟုတ်ဘူး မိုးရေထဲဘာလုပ်နေတာလဲ "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin