Part (5)

1.3K 110 1
                                        

Unicode

တကယ်ပဲ သူ့ရဲ့အခန်းကိုအားတတ်သရောရှင်းပေးနေတဲ့ ပိုင်ပိုင်ကိုကြည့်ကာ ဇော်လင်းညိုပြုံးမိသည်။ဒီတော့ ပိုင်ပိုင်သူ့ကိုကြည့်ကာပြောလိုက်သည်။

"မင်းမရှင်းပဲနဲ့ဘာလုပ်နေတာလဲ အဲလိုရပ်ကြည့်ပြီးပြုံးနေလို့ပြီးမှာတဲ့လား "

"အဟင်း ငါလဲလုပ်နေတာပါပဲ ဒါပေမဲ့မင်းကိုကြည့်ပြီးပြုံးမိသွားတာ "

"ငါ့ကိုကြည့်ပြီးဘာလို့ပြုံးတာလဲ ငါမျက်နှာမှာဘာပေနေလို့လဲ "

"ဘာမှမပေပါဘူး "

"မပေပဲဘာလိုပြုံးတာလဲ "

"ဟင်း ပိုင်းမင်းဦး တချိန်ကဆိုရင်လေ မင်းကိုငါအရမ်းအမြင်ကတ်တာ မင်းမှာသူတပါးကိုဒီလိုကူညီပေးတတ်တဲ့စိတ်ရှိမယ်လို့ကိုထင်မထားတာ "

ဇော်လင်းညိုရဲ့စကားကြောင့်ကြက်မွှေးတစ်ချောင်းနဲ့ကြက်ခိုးတချို့ကိုရှင်းပေးနေတဲ့ ပိုင်မင်းဦးခပ်ရွံရွံပြုံးလိုက်သည်။

"ဘာလဲ ငါကဒီမတိုင်မီမင်းအမြင်မှာလူဆိုးကြီးလို့ထင်နေတာလား "

"လူဆိုးကြီးတော့မဟုတ်ဘူး မင်းပုံစံကအမြင်ကတ်စရာကောင်းတာ နောက်ပြီး မုန်းစရာကောင်းတဲ့ကောင်လို့မြင်တာ မင်းကလူဆိုးကြီးနဲ့တော့မတူပါဘူး ဘာလို့ဆို မင်းကနုနုနယ်နယ်လေးလေ "

"ဟင်း ဘယ်နေရာကနုနယ်တာလဲ ငါကတော့မထင်ပါဘူး "

"အခုတော့မင်းနည်းနည်းကြမ်းလာတယ် ဒါတောင်နည်းနည်းပဲ ကြည့် မင်းရဲ့လက်ဖဝါးတွေဆို နုဖက်နေသေးတာပဲ "

ပိုင်ပိုင်ရဲ့လက်ကိုကိုင်ကာလက်ဖဝါးကိုကြည့်ရင်းပြောနေတာကြောင့်ပိုင်ပိုင်အနေရခက်သွားသည်။လက်ကိုခပ်ရွံရွံလေးရုန်းနေမိသည်။

"ကဲ ပြီးပြီဆိုတော့ အပြင်မှာတစ်ခုခုသွားစားရအောင် အချိန်ကလဲညနေစောင်းနေပြီလေ "

"ဟင် အပြင်သွားစားမယ် "

အပြင်သွားစားမယ်ဆိုတာရဲ့စကားနောက်မှာ ငွေဆိုတာလိုနေသေးတယ်မလား။သူ့လက်ထဲမှာ အပြင်ထွက်စားဖို့အတွက် ငွေဆိုတာအပိုရှိမနေ ခဏနေကြာရင် မော်လီသူ့အတွက်စားစရာလာပို့ပေးမယ်မဟုတ်လား

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Место, где живут истории. Откройте их для себя