Part (34)

1.1K 89 1
                                    

Unicode

"ငါ့ရဲ့ အမေကို သေစေခဲ့တာ သူ့ကြောင့်ပဲ သူ အခြောက်တွေနဲ့ ဖောက်ပြန်ခဲ့လို့ သူသစ္စာမရှိခဲ့လို့ အမေသေရတာ အမေ့ရဲ့နောက်ဆုံးအချိန်မှာတောင် ရှိနေမပေးပဲ ငါတို့သားအမိကို ဥပေက္ခာပြုခဲ့တာ အဲဒါ အဲဒီအခြောက်တွေကြောင့် သစ္စာမရှိကြလို့ငါ့အမေ အသေဆိုးနဲ့သေရတာ "

လွန်ခဲ့တဲ့တစ်လ လောက်က ပုဂံမှ ပြန်လာခဲ့စဥ် သူ့ရဲ့စိတ်တွေ ဖခင်ဆိုတဲ့ ဦးမျိုးမြင့်မြတ်ကို ဒေါသထွက်ပြီး ပြန်လာခဲ့သည်။

ကလေးဘဝထဲက အရိုးစွဲလာခဲ့တဲ့အတွေးက သူ့ရဲ့အမေကို သူ့အဖေပြစ်သွားလို့ ဆင်းဆင်းရဲရဲနဲ့ သူ့အမေသေခဲ့ရတာလို့ပေါ့ ။ ပြီးတော့ သူ့ရဲ့ဖခင်နဲ့တွဲနေတဲ့ သူ့အမေအပေါ်သစ္စာမရှိပဲ ဖောက်ပြန်ခဲ့တဲ့ ယောကျ်ားချင်းကြိုက်ကြတာကိုလဲ သူ့စိတ်ထဲမှာမုန်းတီးမှုက စွဲနေခဲ့တာ။

သို့ပေမဲ့.....

"ပိုင်မင်းဦး ကရော "

ဆိုတဲ့အတွေးနဲ့အတူသူ့ရဲ့စိတ်တွေရှုပ်ထွေးခဲ့ရသည်။ အချိန်အတိုင်းအတာတစ်ခုထိ အရိုးစွဲနေတဲ့ အမုန်းက ပိုင်မင်းဦးကိုတွေ့ရတော့ သူ့ရဲ့စိတ်တွေ ပြောင်းလဲလာခဲ့ရသည်။

Gay တွေဆိုမုန်းတယ် အခြောက်တွေ ၊ မိန်းမရှာတွေကိုမုန်းခဲ့တဲ့ သူဟာ ပိုင်မင်းဦးက ယောကျ်ားချင်းကြိုက်တဲ့ Gayတစ်ယောက်ဆိုတာကိုသိရတော့ သူခဏတာ စိုးရိမ်သွားပေမဲ့ သူ့ကိုတော့ သူမမုန်းနိုင်ပါ ။

သူ့ကို သနားသည်။ ဘဝတူချင်းဖြစ်သလို ဒီဘဝနဲ့အသားမကျသေးပဲ သူ့ကိုမှီခိုအားထားတဲ့အတွက် သူမစိမ်းကားနိုင်း ။မစိမ်းကားရက်ပေ ။

ဒါကြောင့် သူ့ရဲ့စိတ်ကိုလျှော့ခဲ့သည်။
သို့ပေမဲ့ ဖခင်ကိုမြင်ရင် အနာကိုလာစွနေသလို သူ့ရဲ့သွေးတွေပြန်ဆူလာခဲ့တော့ ပိုင်မင်းဦးဆိုတာ သူ့အတွက် အနှောင့်အယှက်ဖြစ်နေသည်။

Gay တွေကို မုန်းချင်တိုင်းမုန်းနိုင်ပေမဲ့ ခြွင်းချက်သူ့ကိုတော့ မုန်းမရ။ ဒါကိုသူလက်ခံသည်။ သူ့ကို မုန်းလဲမမုန်းချင်ပါ ။ သို့သော် ချစ်မိသွားခဲ့ရင်...

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Tempat cerita menjadi hidup. Temukan sekarang