Part ( 19 )

940 82 1
                                    

Unicode

"ညတုန်းကဘာလို့ငါ့ကိုမပြောပဲပြန်သွားတာလဲ "

ဪ တစ်မနက်လုံးသူ့ကိုဘာစကားမှမပြောပဲ တစ်ယောက်ထဲတည်တည်ကြီးလုပ်နေတာကို King ဖြစ်သွားလို့ဘဝင်မြင့်နေတယ်လို့ထင်တာ။ ဒါကြောင့်စိတ်ဆိုးနေတာကိုး

"ငါကိုကျော်စွာကိုပြောခဲ့သားပဲ ငါခေါင်းနည်းနည်းမူးလို့ပြန်မယ်ဆိုတာလေ သူကမပြောဘူးလား "

"ပြောတယ် "

"ပြောရဲ့နဲ့မေးနေရလား ငါတကယ်ညက ခေါင်းမူးနေလို့မင်းရဲ့ပွဲကိုပြီးအောင်မကြည့်နိုင်တာ တောင်းပန်ပါတယ်နော် နောက်ပြီး မင်းအတွက်ဂုဏ်ယူပါတယ် "

"ငါ့ပွဲကိုပြီးအောင်မကြည့်လို့ငါပြောနေတာမဟုတ်ဘူး ငါမင်းကိုဘာမှာထားလဲ မင်းငါ့စကားကိုဘာလို့နားမထောင်ရတာလဲ ပိုင်မင်းဦး "

ရုတ်တရက်ဆိုသလို ထိုင်နေရာမှထပြီး ပြောလာတဲ့သူ့အသံက အနည်းငယ်ကျယ်သည်။ဒေါသထွက်နေတဲ့မျက်လုံးရဲကြီးတွေမျက်မှောက်ကုတ်၍ ကြည့်ကာ ပြောနေသည်။

"ငါဘာလုပ်မိလို့လဲ ငါမင်းစကားကိုဘာနားမထောင်လို့လဲ "

"ငါပြောမှမင်းသိမှာလား ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား "

"ဇော်လင်းညို ငါ့ကိုရှင်းရှင်းပဲပြောစမ်းပါ ငါဘာလုပ်မိလို့လဲ "

"မင်းကိုဟိုလူနဲ့မပတ်သက်ဖို့ငါမှာထားတယ်လေ အဲဒါမင်းဘာလို့ငါ့စကားနားမထောင်တာလဲ ဘာလဲ ငါ့ကိုဂရုစိုက်စရာမလိုဘူးလို့မင်းတွေးနေတာလား "

ပြောရင်းနဲ့ ဇော်လင်းညို ဒေါသထွက်လာကာ သူ့ရဲ့ရှေ့မှ ပိုင်မင်းဦးအားတွန်းလိုက်သလိုဖြစ်သွား၍ ပိုင်မင်းဦးခုံပေါ်သို့ဖင်ထိုင်လျက်ကျသွားသည်။

ဘာမဟုတ်တဲ့ဒီကိစ္စလေးနဲ့ ဒီလောက်ကြီးဒေါသထွက်နေတဲ့သူ့ကို ပိုင်မင်းဦးအံဩနေမိသည်။

"အဲဒီလူက လူကောင်းမဟုတ်ဘူး မင်းနားလည်လား "

"သူက လူကောင်းမဟုတ်ဘူးဆိုရင်လဲ ငါ့ကိုဘာဒုက္ခပေးနိုင်မှာမို့လဲ ဘာလဲသူက မုဒိန်းကောင်ကြီးဖြစ်နေလို့လား ငါကမိန်းကလေးမဟုတ်တဲ့အတွက် ဘာမှမဖြစ်နိုင်ပါဘူး "

မင်း မရှိပဲ " မင္း မရွိပဲ "( Unicode)+(Zawgyi)(Completed)Onde histórias criam vida. Descubra agora